ဆူးလေဘုရား

By Jonathan Lim 

ရန်ကုန်မြို့ကိုလူတော်တော်များများက ပြောင်းလဲနေတဲ့မြို့တော်လို့ပြောကြမှာဖြစ်ပေမယ့် စာရေးသူကတော့ ယှဉ်တွဲတည်ရှိတဲ့မြို့တော်လို့ဆိုချင်ပါတယ်။ မြို့ပတ်ကြည့်တာနဲ့ ရှုခင်းတွေများစွာတွေ့ရမှာပါ။ လမ်းတွေဟာ ၅ထပ်ထက်မကျော်တဲ့အိမ်လေးတွေနဲ့ပြည့်နေပါတယ်။ တံတားအသစ်တွေနဲ့ ဆောက်လုပ်ရေးတွေလည်းရှိတယ်။ လမ်းဘေးတဲအိမ်တွေလည်းတွေ့ရမယ်။ အဆောက်အဦးအမြင့်ကြီးတွေတခုပြီးတခုပေါ်လာပြီး ကိုလိုနီခေတ်အဆောက်အဦးတွေနဲ့အတူရှိနေတယ်။ ထပ်ထပ်နေတဲ့သမိုင်းကြောင်းတွေကို ဒီမြင်ကွင်းတွေကစဉ်းစားမိစေတယ်။ မြို့တစ်လျောက်မှာမြင်ရတဲ့ဒီမြင်ကွင်းတွေကြားမှာ စေတီဘုရားတွေကရှိတယ်။ ရွှေတိဂုံဘုရားပတ်လည်မှာရှိတဲ့ ငါးမျှားရွှာလေးအဖြစ်ရန်ကုန်ဟာစတင်ခဲ့ပါတယ်။ အလောင်းဘုရားမင်းကြီးဟာ ဒဂုံကို ရန်ကုန်လို့နာမည်ကင်မွန်းပြောင်းတပ်ခဲ့ပြီး ၄င်းနိုင်ငံတော်ရဲ့မြို့တော်အဖြစ် ၁၇၅၅ ခုနှစ်မှာသတ်မှတ်ခဲ့တယ်။ ကိုလိုနီအုပ်ချုပ်မှုရောက်လာတဲ့ နောက်နှစ်၁ဝဝကြာချိန်မှာတော့ ဆူးလေဘုရားကို အလယ်ဗဟိုပြုလျက်မြို့တော်စီမံကိန်းကြီးတစ်ခုရေးဆွဲအကောင်အတည်ဖော်ခဲ့တယ်။ ဒီဓာတ်ပုံမှာတော့ ဆူးလေဘုရားအဝိုင်းပတ်ကို ၁၉၉၀ ဝန်းကျင်မှာတွေ့မြင်ရမှာပါ။ နောက်ဘယ်ဘက်မှာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ကိုတွေ့ရပြီး ကိုလိုနီခေတ်အဆောက်အအုံတွေနဲ့ မြစ်တစ်ခုကိုတွေ့ရမှာပါ။ ဒဏ္ဍာရီအရဆိုရရင် အင်အားကြီးမားတဲ့နတ်တပါးရဲ့အိမ်ဟာ ဆူးလေဘုရားမှာရှိခဲ့ပါတယ်။ သူနာမည်ကတော့ ဆူလရတာပါ။ သူရဲ့အကူအညီဖြင့် သိကြားမင်း၊ ဆက္ကရာနဲ့ ဥက္ကလာပဘုရင်တို့ဟာ ဗုဒ္ဓရဲ့ ဓာတ်တော်များကိုဌာပနာရင်း ရွှေတဂုံဘုရားတည်နိုင်ခဲ့ပါတယ်။ ဆူးလေဘုရားကို ၈ဘက်ခေါင်းလောင်းပုံနဲ့ဆောက်ထားပြီး ၄၄မီတာရှည်ကာ ရွှေထိပ်တော်ရှိပါတယ်။ ဘုရားမှာ ဗုဒ္ဓက၄င်း၏ ပထမတပည့်နှစ်ဦးကိုပေးခဲ့တဲ့ ဗုဒ္ဓဆံတော်ဌာပနာထားတယ်လို့ဆိုကြပါတယ်။ ဆူးလေဘုရားဟာပြောင်းလဲမှုတွေကိုကျော်ဖြတ်ခဲ့ပါတယ်။ သူတည်ရှိနေတဲ့မြို့လိုပေါ့။ ၁၈၈ဝမှာ ဆူးလေဘုရားကိုပြန်လည်မွမ်းမံခဲ့ပြီး ယခုအခါမှာတော့ဆူးလေဘုရားပတ်လည်မှာ ဆိုင်သေးလေးတွေဝိုင်းလို့နေပါတယ်။ ဆူးလေဘုရားဟာနိုင်ငံရေးမှာလည်း ပါဝင်ခဲ့ပါတယ်။ ၈၈အရေးခင်းနဲ့ ၂ဝဝရခုနှစ်က သံဃာအရေးခင်းမှာ ဆူးလေဘုရားဟာစုရပ်ဖြစ်ခဲ့တယ်။ အခုချိန်မှာတော့ ဆူးလေဘုရားဟာ ခရီးသွားများ အလာများတဲ့နေရာတစ်ခုဖြစ်ပြီး ဒေသခံတွေလည်းနှစ်ခြိုက်တဲ့နေရာပါ။ ရန်ကုန်မြို့လယ်ရဲ့ ဆိုင်တွေပေါင်းစုံအလယ်မှာတည်ရှိနေပြီး သူ့ကို စားသောက်ဆိုင်တွေ၊ ရုံးတွေက ဝန်းရံနေတယ်။ ဆူးလေဘုရားကနေတောင်ဘက်ဆက်သွားရင် မြစ်တက်စီလို့ခေါ်တဲ့ ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းတစ်ခုစီးလို့ရတဲ့နေရာရောက်မှာပါ။ စောစောထတာမကြိုက်တဲ့စာရေးသူဟာ မနက်စောစောဆူးလေဘုရားပေါ်လမ်းလျှောက်ရတာ သာယာတယ်လို့ထင်ပါတယ်။ ဒါဟာဆူးလေဘုရားရဲ့ ဒဏ္ဍာရီတွေရဲ့အင်အားတွေကြောင့်များလား။ ဆူးလေဘုရားဟာ အပြင်ကကြည့်တာထက်အထဲမှာပိုကြီးမားတယ်လို့ စာရေးသူထင်မိပြီး ဒါထူးခြားတဲ့အရာတစ်ခုများလားလို့ထင်မှတ်မိပါတယ်။ .

Citations:

https://en.wikipedia.org/wiki/Sule_Pagoda

https://yangonlife.com.mm/en/article/yangon-history

 

 

 

 

Jonathan ဂျော်နသန်ဟာ အလွတ်တန်းဂရက်ဖစ် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အမှတ်တံဆိပ်များနှင့် Brand identity ကိုအထူးပြုလုပ်ကိုင်ပါသည်။ ယခုအခါ မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်၏ အလွတ်တန်းစာရေးသူအဖြစ်လည်း လုပ်ကိုင်သည်။ သူရဲ့အခုချိန်ထိ အကြီးမားဆုံးဂုဏ်ယူစရာသည် ပျင်းစရာကောင်းသော၊ ရှည်လျားလှသော Transformer ရုပ်ရှင် ၅ကားကိုကြည့်ရင်း ကျေနပ်သွားခြင်းဖြစ်သည်။