တစ်ခေတ်တခါက ရောင်စုံကားချပ်များ

By History of Burma 

 

၁၉၈၀ ခုနှစ်လောက်ကနေအစပြုပြီ ပြောပြရရင် ရန်ကုန်လမ်းမကြီးရဲ့ဘေးတစ်ဖက် ပလက်ဖောင်း ထက်မှာ လှပတဲ့ ရောင်စုံပန်းချီဆိုင်းဘုတ်တွေ နဲ့ပြည့်နက်နေသလို လူမျိူးရောင်စုံနဲ့စည်ကားနေပါ တယ်။အဲ့ခေတ် ပန်းချီလက်ရာ ဆိုင်းဘုတ်တွေဟာ လဲ ပန်းချီသမားတို့ရဲ့ ရောင်စုံလက်စွမ်းတွေနဲ့ ဆေးခြယ်သထားကြတာပါ။အဲ့ခေတ်အနေထားဆို Computer စနစ်ကို သိပ်ပြီ တွင်တွင်ကျယ်ကျယ် အသုံးပြုမူ နည်းပါနေပါသေးတယ်။ ခုခေတ်လို စာလုံး Design ရေးဆွဲတာ၊ ပုံအလှဖော်တာတို ့ကို အဲ့ခေတ်က လက်ပန်းချီနဲ့သာ အလှဆင်နေကြတုန်းပါပဲ။ နောက် ရုပ်ရှင်ဆိုင်းဘုတ် မှာဆွဲတဲ့ ဇာတ် ကားနားမည်၊မင်သား၊မင်းသမီးပုံ၊အမည်နာမည်တွေ စတာတွေကို သူတို့ပန်းချီ လက်ရာတွေနဲ့လှပ မူကိုဖော်ကျူးခဲ့ပါတယ်။ရုပ်ပုံစံအနေထား မြန်မာဇာတ်ကား၊English ဇာတ်ကား ဘယ်လိုရုပ်မျိူးနဲ့ထပ် တူကျအောင်ရေးဆွဲနိုင်ခဲ့ပါတယ်။လမ်းဘေး ဆိုင်းဘုတ်ပုံစံတွေဆို စာလုံးအမျိူးမျိူး လက်ရေး ပန်းချီ ဖြင့် ကာတွန့်၊ကနုတ်လက်ရေးပန်းချီ စတဲ့ လှပရောင်စုံဖြင့်ချယ်သထားကြပါတယ်။ ပန်းချီဆိုင်းဘုတ်တွေကို ၂၀၀၀ ခုနှစ်အကျော်လောက်ထိ အသုံးပြုခဲ့ ကြပါတယ်၊နောက်တခုက ကားနံပတ်ပြားရေးတဲ့သူတချို့ဟာ လမ်းမတနေရာစီတွေမှာလည်ရှိတတ်ကြပါတယ်။နောက်ထပ်ပြော ရရင် ဆိုင်းဘုတ်လုပ်တဲ့အခါ အဲ့ခေတ်ပိုင်းရဆို သံသထ္တုပြား၊သစ်သားအပြား အဲ့လိုပေါ်တွေမှာရေးဆွဲ ကြတာပါ။အဲ့ခေတ်က ကြော်ကြားခဲ့တဲ့ တွပ်ပီ၊သမိန်ပေါသွပ် ကာတွန့်ဇာတ်ကောင်လေးတွေနဲ့အတူ ဆိုင်းဘုတ်မှာဖော်ကျူးထားကြပါတယ်။အစားသောက်် အရောင်းကုန်ပစ္စည်း တို့ကိုလည် ရေးဆွဲဖော် ပြထားပါတယ်။အဲ့ဘက်ခေတ်တွေကုန်ဆုံးပြီနောက် တချိူ့လက်ရေးပန်းချီလုပ်ငန်းတွေဟာ ကွယ် ပျောက်သွားခဲ့ပါတယ်။ခုခေတ်ပိုင်း Computer Design ၊ဗီနိုင်း တို့နဲ့သာ အလုပ်ဖြစ်ခဲ့ကြပါပြီ။ တချိန်ကလက်ရေးပန်းချီအကျော်မော်တွေခေတ် ရောင်စုံခေတ်ကြီးကို သတိရမိခဲ့မယ်ဆို ကိုယ်ရဲ့ ငယ်ဘဝကိုတောင်လွမ်းမိလိမ့်မှာပါ။ တချိန်ကရောင်စုံပန်းချီလမ်းမထက်ကို လွမ်းမော လွမ်းကြပါစေ။  




 

 

 

 

History of Burma ခေါ် ရောဘတ်ဟာ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုတည်ထောင်ထားပြီး ၄င်းအင်တာနက်တွင် သုတေသနပြု ရှာဖွေထားသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အချက်အလက်များကို ပေ့ချ်ပရိသတ်များနဲ့ဝေမျှပါတယ်။ မြန်မာသမိုင်းကြောင်းကိုအလွန်စိတ်ဝင်စားပြီး တစ်ချိန်မှာ ဓာတ်ပုံပြတိုက်အသေးလေးတစ်ခုဖွင့်ကာ အတိတ်ပုံရိပ်တွေကိုဝေမျှလိုပါတယ်။