ရန်ကုန်ဖက်ရှင် ၁၉၇၉

Maha Bandula Park, Yangon

03.03.2017-19.02.2017

80.000+ visitors

.

(၂၀၁၇) ခုနှစ် မတ်လ၊ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ရန်ကုန်ဓာတ်ပုံပွဲတော်ကျင်းပစဥ် အများပြည်သူကြည့်ရှုနိုင်ရန် ပြသခဲ့သည်။

(၁၉၇၀) ပြည့်လွန်နှစ်များဆီက ဘဲလေးဓာတ်ပုံစတူဒီယိုတွင် ရိုက်ကူးခဲ့သော ဖက်ရှင်ဓာတ်ပုံများကို ပထမဆုံးအကြိမ်အဖြစ် ပြသခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ပုံစတူဒီယိုကို ဟာစီယုံး (Har Si Yone) က (၁၉၆၉) ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ မိသားစုလက်ငုတ်လက်ရင်း စီးပွားဖြစ်ခဲ့ရာ ယနေ့ချိန်ထိ တည်ရှိနေဆဲပင်ဖြစ်သည်။ (၁၉၇၀) ပြည့်လွန်နှစ်များဆီက ရန်ကုန်မြို့၏ ဖက်ရှင်အကြောင်း ရှားရှားပါးပါး အသေးစိတ်ကျ လေ့လာနိုင်မှုကို ဤပြပွဲက ပေးနိုင်ခဲ့သည်။ ထိုခေတ်အခါက အမျိုးသမီးများ သူတို့၏ စတိုင်မှတဆင့် သူတို့ကိုယ်သူတို့ မည်သို့ ကိုယ်စားပြုပြသခဲ့ကြသည်ကိုလည်း ရှုမြင်နိုင်သည်။ (၁၉၆၀) ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံတွင် ဓာတ်ပုံရိုက်ကူးခြင်းအတတ် ပေါ်ပေါက်တိုးတက်လာခြင်းနှင့်အတူ ပုံတူရိုက်ကူးခြင်းသည်လည်း ရုပ်ရှင်၊ ဂီတ၊ မိတ်ကပ်နှင့် ဆံပင်ပြင်ဆင်ခြင်းတို့နှင့်အတူ ယဥ်ကျေးမှုအလှတစ်ပါးအဖြစ် အရေးပါသော နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။ ရံဖန်ရံခါ ဓာတ်ပုံစတူဒီယိုများက အလှပြုပြင်ရေးဆိုင်များနှင့် အင်္ကျီဆိုင်များပတ်၀န်းကျင်တွင် အခြေချကြသည်။ ခေတ်မီဆန်းသစ်သော ဘဲလေးစတူဒီယိုကဲ့သို့ ဓာတ်ပုံစတူဒီယိုများတွင်မူ သူတို့၏ ဖောက်သည်များအတွက် အ၀တ်အစားများ အလျံပယ်ထားရှိထားပေးသည်။ စတူဒီယိုများတွင် ရိုက်ကူးထားသော ဖက်ရှင်ကျကျ ဓာတ်ပုံများကို မိတ်ဆွေသူငယ်ချင်းများအချင်းချင်း လဲလှယ်ပေးယူကြလေ့ရှိသည်။ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲချင်စိတ်လေးများကြောင့် တခါတရံ အလွန်အကျူး ကိုယ်ဟန်များ ပြကြသည်မှာလည်း သဘာ၀ပင်။ ဓာတ်ပုံစတူဒီယိုထဲတွင် မိမိကိုယ်ကို ကိုယ်စားပြုပြခြင်းက နေ့စဥ် ၀တ်စားဆင်ယဥ်မှုနှင့် လမ်းမများပေါ်တွေ့ရသည် ဖက်ရှင်မျိုးက ပြသနိုင်မည်မဟုတ်ပါ။ သို့ရာတွင် ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ကျော်ကြားသည့် ဂီတသမားများထံမှ ရယူထားသည့် ဖက်ရှင်စံနှုန်းများကိုမူ အဆိုပါ ပုံရိပ်များက ကြည့်ရှုတွေ့မြင်နိုင်စေသည်။