ဦးသန်းမောင်

ဦးသန်းမောင် ဓာတ်ပုံပြပွဲ

Mahabadoola Park, Yangon

18.02.2019-04.03.2019

60.000+ visitors

,

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း ရန်ကုန်ဓာတ်ပုံပွဲတော် ၂၀၁၉ (Yangon Photo Festival 2019) ကျင်းပစဥ်ကာလအတွင်း အများပြည်သူကြည့်ရှုနိုင်ရန် ပြသခဲ့သည်။ ထိုပြပွဲတွင် မြန်မာနိုင်ငံ၏ အရေးအပါဆုံး အပျော်တမ်းဓာတ်ပုံဆရာများထဲမှ တစ်ဦးဖြစ်သည့် ဦးသန်းမောင်၏ ဘ၀ပုံရိပ်ကို ထင်ဟပ်ပြထားသည်။ သူ့ဓာတ်ပုံများက စစ်နှင့် ငြိမ်းချမ်းရေး၊ အပြောင်းအလဲနှင့် မျှော်လင့်ချက်အကြား အချိန်ကာလများဆီက ဇာတ်လမ်းများကို ကျွန်ုပ်တို့ထံ သယ်ဆောင်ပေးလာခဲ့သည်။ ပြပွဲနှင့်အတူ မြန်မာဓာတ်ပုံမော်ကွန်း၏ စာအုပ်အသစ်တစ်အုပ်ဖြစ်သည့် „ပထမတန်းစား အပျော်တမ်းဓာတ်ပုံဆရာ (U THAN MAUNG – The No 1 Amateur Photographer)‘‘ ကို ထုတ်၀ေမိတ်ဆက်ခဲ့သည်။