အကြောင်းအရာ

မြန်မာဓာတ်ပုံမော်ကွန်းသည် မြန်မာနိုင်ငံမှ ဓာတ်ပုံပစ္စည်းများကို စုဆောင်းထားသည့် မှတ်တမ်းမော်ကွန်းတိုက်တစ်ရပ်ဖြစ်သည်။ စုဆောင်းထားသည်များတွင် စတူဒီယိုများမှ လူပုံများ၊ ပုဂ္ဂလိကဓာတ်ပုံအယ်လ်ဘမ်များ၊ ရုံးသုံးဓာတ်ပုံ၊ ကုမ္ပဏီမှတ်တမ်းများ၊ သိပ္ပံနည်းကျ သုတေသနဓာတ်ပုံများ၊ စတူဒီယိုတွင်းရှိ အသုံးအဆောင်များ၊ ကားချပ်များနှင့် နဂ္ဂတစ်များကဲ့သို့သော မှတ်တမ်းပုံများ ပါ၀င်ပါသည်။ ဓာတ်ပုံပစ္စည်းများနှင့် အနုပညာကို နားလည်နိုင်စေသည့် မှတ်တမ်းတစ်ရပ် ဖန်တီးရန်နှင့် ဓာတ်ပုံမော်ကွန်းအတွင်းရှိ အရာ၀တ္တုများအကြောင်း သမိုင်းကြောင်းအဆက်အစပ်များ ထည့်သွင်းပေးရန် မြန်မာဓာတ်ပုံမော်ကွန်းက ရည်ရွယ်ပါသည်။ ယခုလက်ရှိတွင် အစောဆုံးဓာတ်ပုံများအဖြစ် (၁၈၉၀) ခုနှစ်မှသည် ယနေ့ဆယ်စုနှစ်ကာလပုံများအထိ စီကာစဥ်ကာ ထားထားပါသည်။

(၁၈၈၆) ခုနှစ်တွင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအများစုကို အိန္ဒိယပြည်အောက် သိမ်းသွင်းရန် ကျယ်ကျယ်ပြန့်ပြန့် အားထုတ်ခဲ့သည်။ ဂျပန်တို့၏ ၀င်ရောက်သိမ်းပိုက်မှုနှင့်အတူ မြန်မာနိုင်ငံသည် (၁၉၃၇) ခုနှစ်မှ (၁၉၄၂) ခုနှစ်အထိ ဂျပန့်ကိုလိုနီဖြစ်ခဲ့ရပြန်သည်။ အထက်ဖော်ပြပါ အနှစ်ခြောက်ဆယ်ကာလအတွင်း မြို့ကြီးများတွင် ဓာတ်ပုံစတူဒီယိုများ ပေါ်ပေါက်လာခဲ့ပြီး၊ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများ၊ အိမ်များတွင် ဓာတ်ပုံရိုက်ကူးသည့် ယဥ်ကျေးမှုတစ်ရပ် အစပြုလာခဲ့သည်။ (၁၉၄၅) ခုနှစ်တွင် ဂျပန်တို့ အရေးနိမ့်သွားခဲ့ပြီး၊ (၁၉၄၈) ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ တောတွင်းပုံစံပန်းချီရေးဆွဲထားသော နောက်ခံကားချပ်များကိုသုံးကာ၊ ရိုးရာ၀တ်စုံများ ၀တ်ဆင်ပြီး ကိုယ်ဟန်ပြရိုက်ကူးထားသည့် ကိုလိုနီခေတ် အထူးအခြားအဆန်းအပြား ဓာတ်ပုံများက မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပါ၀င်လာခဲ့သည်။ ၁၉၅၀ နှင့် ၆၀ ပြည့်လွန်နှစ်များတွင် မြန်မာလူထုက ပိုအသိများလာသည်နှင့်အညီ စီးပွားဖြစ်ဓာတ်ပုံစတူဒီယိုများမှာ လွန်စွာစီးပွားဖြစ်ခဲ့သည်။ (၁၉၆၂) ခုနှစ်တွင် လက်၀ဲယိမ်း၀ါဒီ ဗိုလ်ချုပ်နေ၀င်းက စစ်အာဏာသိမ်းပြီး၊ အတိုက်အခံများကို ဖမ်းဆီးကာ၊ အခြေခံဥပဒေကို ခြေဖျက်လိုက်ပြီး၊ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို တည်ထောင်ခဲ့သည်။


အစိုးရနှင့် နိုင်ငံရေးအပြောင်းအလဲက နိုင်ငံတွင်းနေသည့် နိုင်ငံခြားသားများကို တိုင်းပြည်တွင်းမှ ထွက်ခွာသွားစေခဲ့သည်။ ၄င်းအဖြစ်အပျက်က (၁၉၅၀) ပြည့်လွန်နှစ်များအထိ ဥရောပသားများ သို့မဟုတ် အိန္ဒိယသားများ ဖွင့်လှစ်ခဲ့သော ဓာတ်ပုံစတူဒီယိုများအပေါ် အကျိုးသက်ရောက်မှုရှိခဲ့သည်။ အိန္ဒိယသားများ ဖွင့်လှစ်ထားသည့် ဓာတ်ပုံစတူဒီယိုများ နေ၀င်ချိန်က တရုတ်ဓာတ်ပုံဆရာများအတွက် စျေးကွက်ကို ရယူနိုင်ရန် အခွင့်အရေးပိုစေခဲ့သည်။ ဓာတ်ပုံရိုက်ခြင်းကို ကန့်သတ်ခြင်း၊ အထူးသဖြင့် သတင်းဓာတ်ပုံများကို ကန့်သတ်ထားခြင်းကလည်း မြန်မာနိုင်ငံ၏ မှတ်တမ်းတင်ဓာတ်ပုံများသမိုင်းတွင် အချက်အလက်တစ်ခုပင် ဖြစ်သည်။ လျှင်လျှင်မြန်မြန် ပျောက်ဆုံးပျက်စီးနေသည့် မူရင်းဓာတ်ပုံများကို စုဆောင်းရာတွင် အလျင်လိုနေရသလို၊ ဒစ်ဂျစ်တယ်ခေတ်မတိုင်ခင် မိမိတို့ မည်သို့ အလုပ်လုပ်ခဲ့ရသည်ကို ပြောပြနိုင်ကြသည့် ထိုခေတ်က ကျွမ်းကျင်သူများထံမှ ကြားရသော ဓာတ်ပုံယဥ်ကျေးမှုကို နားလည်ရန်လည်း အရေးတကြီးရှိလှပါသည်။  မြန်မာဓာတ်ပုံမော်ကွန်းက ဓာတ်ပုံနယ်ပယ်အသီးသီးကို တူးဖော်လေ့လာနေသည်မှာ အစပျိုးစပင် ရှိပါသေးသည်။ ပရော်ဖက်ရှင်နယ်ဓာတ်ပုံများ၊ ပုဂ္ဂလိကပုံများကို စုဆောင်းဆဲပင် ဖြစ်ပါသည်။ မြန်မာဓာတ်ပုံမော်ကွန်း၀က်ဘ်ဆိုဒ်က စုဆောင်းထားသည်များကို ပြသထားမည်ဖြစ်ပြီး၊ သုတေသနနှင့် မော်ကွန်းမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွားပါမည်။ မြန်မာဓာတ်ပုံမော်ကွန်းသည် သြစတြီးယန်း အနုပညာသမား Lukas Birk စတင်တည်ထောင်ခဲ့သော ကြိုးစားအားထုတ်မှုတစ်ရပ်ဖြစ်ပါသည်။ သူက ယမန်နှစ်များတွင် အာဖဂန်နစ္စတန်မှ ထင်းရှူးပုံးသေတ္တာများ၏ သမိုင်းကို (Afgan Box Camera Project) မှတ်တမ်းတင်ခဲ့ပါသေးသည်။  ထို့ပြင် တရုတ်နှင့် အင်ဒိုနီးရှားတို့တွင်လည်း အနုပညာအစီအစဥ်များ (SewonArtSpace/ ASAP) ကို တည်ထောင်ခဲ့သည်။ 

သတင်းအချက်အလက်များ ထပ်မံသိရှိရန်နှင့် ဓာတ်ပုံများ ပေးပို့ရန် mpa@myanmarphotoarchive.org ကို ဆက်သွယ်နိုင်ပါသည်။