ဤ အနုပညာရှင်၊အတတ်ပညာရှင်များအားဖိတ်ခေါ်ခြင်း အစီအစဥ် သည် စာရေးဆရာများ၊ အမြင်ဆိုင်ရာ အနုပညာရှင်များ၊ ရုပ်သေ/ရုပ်ရှင်ရိုက်ကူးသူများ၊ ပညာရှင်များနှင့် မြန်မာ့သမိုင်းကို ကျွမ်းကျင်သူများအတွက် အခွင့်အလမ်းဖြစ်ပါသည်။ (CLOSED)

၂၀၂၃ တွင် Goethe-Institut Myanmar နှင့် မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တို့မှ အကောင်အထည်ဖော်ဆောင်မည့် အစီအစဉ်တွင် ပါဝင်ရန် သင့်အား ဖိတ်ခေါ်လိုပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တွင် စုဆောင်းထားရှိသည့် ဓာတ်ပုံများအား သုံး၍ ထပ်ဆင့် ဖန်တီးမှုများ ပြုလုပ်နိုင်မည့် အနုပညာရှင် အတတ်ပညာရှင် များ အတွက် ထောက်ပံ့ကြေး (၄၅) မျိုး ပေးသွားမည် ဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်းသည် မြန်မာနိုင်ငံတဝှမ်း မှ ပြည်သူများ ၏ ဓာတ်ပုံမှတ်တမ်းများအား အများဆုံး စုစည်းထားနိုင်သည့် မော်ကွန်းတိုက် တစ်ခု ဖြစ်သလို လွတ်လပ်သော မော်ကွန်းတိုက်တစ်ခုလဲဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်သည် ၂၀၁၃ ခုနှစ်မှ စတင်စုစည်းခဲ့ပြီး မော်ကွန်းတွင် မှတ်တမ်းတင်ထားသော ရုပ်ပုံများဖြင့် ပြည်တွင်း၊ ပြည်ပ ပြပွဲများနှင့် ထုတ်ဝေမှုများတွင် အဆက်မပြတ် ပါ၀င်တင်ဆက်လျှက်ရှိပါသည်။ Goethe-Institut Myanmar သည် 2018 ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ကြေးအစီအစဉ်များနှင့် ထုတ်၀ေမှုအစီအစဉ်များတွင် ခိုင်မာသောပံ့ပိုးကူညီသူအဖြစ် ပါ၀င်လျက်ရှိပါသည်။ Goethe-Institute Myanmar ၏ ရက်ရောသော ပံ့ပိုးကူညီမှုကြောင့်လည်း အစီအစဉ်များကို အကောင်အထည်ဖော်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ကဏ္ဍတစ်ခုထက် ပို၍ သို့မဟုတ် Project အိုင်ဒီယာ တစ်ခုထက်ပို၍ လျှောက်ထားနိုင်ပါသည်။ ပရောဂျက် တစ်ခုချင်းစီအတွက် လျှောက်လွှာတစ်စောင်စီ တင်ပေးဖို့ရန်လိုပါသည်။

  • နောက်ဆုံးလျှောက်ထားရမည့် ရက် ဇွန်လ ၃၀ရက်၊ ၂၀၂၃
  • ထောက်ပံ့ကြေးရရှိသူများအား ကြေငြာခြင်း ဇူလိုင်လ ၁၄ရက်၊ ၂၀၂၃
  • ဖန်တီးမှု အနုပညာလက်ရာများအား နောက်ဆုံး တင်သွင်းရမည့် ရက် အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၃

လျှောက်လွှာများအား တင်သွင်းခြင်း

စာရေးဆရာများနှင့် အနုပညာရှင်များသည် ပေးထားသောဓါတ်ပုံများအား အခြေခံ၍ မည့်သည့် ထီထွင်ဖန်တီးမှုကို မဆိုပြုလုပ်နိုင်ပါသည်။ ရုပ်ပုံများကို သုံးထားသည့် ဖန်တီးမှုများ ဟု ဆိုရာတွင် စိတ်ကူးယဉ်ရေးသားမှုများ၊ သမိုင်းကြောင်းသုံးသပ်စိစစ်မှုများ၊ မော်ကွန်းဓါတ်ပုံများကိုအခြေခံထားသည့် စိတ်ကူးယဉ်ဓာတ်ပုံစီးရီး၊ ဇာတ်လမ်းတိုရုပ်ရှင်၊ ပုံနှိပ်စီးရီး၊ collage လက်ရာများ ဖန်တီးခြင်း၊ ပန်းချီရေးခြင်း၊ ပုံနှိပ်ခြင်း များ စသည်တို့ ဖြစ်နိုင်သည်။ ယခင်က မည်သူမျှ တဆင့်ပြန်လည် ဖန်တီးထားခြင်း မရှိဖူးသေးသော မော်ကွန်းရှိ ဓာတ်ပုံများ ကို သုံး၍ ပြန်လည်ဖန်တီးသည့်အခါတွင် ဖြစ်ရပ်မှန် နှင့် ခံစားချက် များ အတိုင်း အခြေခံ၍ ဖန်တီးရန် တိုက်တွန်းလိုပါသည်။ ပါ၀င်ဖန်တီး သူများ၏ အနုပညာလက်ရာများကို ထုတ်၀ေခြင်း ၊ ပြသခြင်း အပြင် အွန်လိုင်းပြပွဲများလဲ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဖန်တီးထားသော မူရင်းလက်ရာများ အား မြန်မာ့ဓာတ်ပုံမော်ကွန် (Myanmar Photo Archive) ၏ စုစည်းမှုအောက်တွင် သိမ်းဆည်းမှတ်တမ်း တင် ထားရှိသွားမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါ ထောက်ပံ့ကြေး အမျိုးအစားများကို ပေးသွားမည် ဖြစ်ပါသည်။

  • က) စာလုံးရေ အနည်းဆုံး (၂၅၀) ဖြင့် ဓာတ်ပုံစီးရီး သို့မဟုတ် ဓာတ်ပုံ တစ်ပုံကို အခြေခံ၍ ရေးသားထား သော စာတမ်း (သို့) ဇာတ်လမ်းတို အပုဒ် (၂၀)။ (ယူရို ၁၀၀)
  • ခ) စာလုံးရေ အနည်းဆုံး (၂၅၀၀) ဖြင့် ဓာတ်ပုံစီးရီး သို့မဟုတ် ဓာတ်ပုံ တစ်ပုံကို အခြေခံ၍ ရေးသားထား သော စာတမ်း (သို့) ဇာတ်လမ်းရှည် (၅)ပုဒ်။ (ယူရို ၅၀၀)
  • ဂ) ဓာတ်ပုံစီးရီး ကို အခြေခံ၍ ဖန်တီးထားသော အနည်းဆုံး ကြာချိန် (၃) မိနစ် ရှိ ဇာတ်လမ်းရုပ်ရှင်တို (၅) ပုဒ်။ (ယူရို ၅၀၀)
  • ဃ) မော်ကွန်းတိုက်ရှိ ဓာတ်ပုံစီးရီးကို အခြေခံ၍ ဖန်တီးထားသော ဓာတ်ပုံစီးရီး (၅) ပုဒ်။ ပြန်လည်ဖန်တီးထားသည့် ဓာတ်ပုံ အနည်းဆုံး (၁၀) ပုံ ပါဝင်ရပါမည်။ (ယူရို ၅၀၀)
  • င) မော်ကွန်းတိုက်ရှိ ဓာတ်ပုံစီးရီးကို အခြေခံ၍ ရေးဆွဲဖန်တီးထားသော ပန်းချီ/ပုံစီးရီး (၅) ခု။ စီးရီး တစ်ခု တွင် အနည်းဆုံး (၅) ပုံပါဝင်ရပါမည်။ (ယူရို ၅၀၀)
  • စ) မော်ကွန်းတိုက်ရှိ ဓာတ်ပုံစီးရီးကို အခြေခံ၍ ပြန်လည်ရေးဆွဲထားသော သီးသန့် (single) ပန်းချီ/ပုံ (၅) ခု။ (ယူရို ၅၀၀)

မော်ကွန်းရှိထိန်းသိမ်းထားသောပုံများ

အောက်ပါလင့်ခ်  တွင် တဆင့်ပြန်လည် ဖန်တီးနိုင်မည့် ဓါတ်ပုံစီးရီးများနှင့် ဓာတ်ပုံ တစ်ပုံချင်း  ကိုရယူနိုင်ပါသည်။ သင်ရွေးချယ်လိုသည့် အမျိုးအစားကို လျှောက်လွှာ ဖောင်တွင် ဖော်ပြပေးနိုင်ပါသည်။

လျှောက်လွှာတင်နည်း

ဤအဆိုပြုလွှာများကို စိတ်ပါ၀င်စားပါက ပါ၀င်ရန်အတွက် ပေးထားသော ဓာတ်ပုံစီးရီးများထဲမှ သို့မဟုတ် ဓာတ်ပုံတစ်ခုကို ရွေးပါ။ ထို့နောက် ပြန်လည်တီထွင်ဖန်တီးလိုသော ဓာတ်ပုံအမျိုးအစား နှင့် နံပါတ်၊ ဖန်တီးလိုသည့် အကြောင်းအရာ အကျဉ်းချုပ်နှင့်တကွ မိမိကျွမ်းကျင်နယ်ပင်အတွင်းရှိ အတွေ့အကြုံများကို ထင်ဟပ်စေသော ကိုယ်ရေးအကျဉ်း ကိုပေးပို့ရန်လိုအပ်ပါသည်။ ပြန်လည်ဖန်တီးထားသည့် အကြောင်းအရာသည် မြန်မာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြနိုင်ပါသည်။

.

ကိုယ်ရေးကိုယ်တာလုံခြုံရေး

သင်၏ အချက်အလက်များကို Myanmar Photo Archive နှင့် Goethe-Institut Myanmar အဖွဲ့သား များ၏ လက်ဝယ်တွင် သာ ထားရှိမည်ဖြစ်သည်။ အဆိုပြုလွှာများကို အမည်ဝှက် သို့မဟုတ် ကလောင်အမည် ဖြင့်တင်ပြနိုင်သည်။ သင်၏ ကိုယ်ရေးအချက်အလက်များနှင့် ဖန်တီးလက်ရာများကို ကာကွယ်ထိန်းသိမ်း ပေးထားမည်ဖြစ်ပြီး ဖန်တီးထားသောလက်ရာများကို သင့်အမည်ဖြင့် တင်ပြခြင်း၊ ထုတ်ဝေခြင်း မပြုလုပ်လိုပါကလည်း ပြပွဲများတွင် တင်ပြခြင်း၊ ဖော်ပြခြင်း လုပ်သွားမည် မဟုတ်ပါ။

 ပြန်လည်ဖန်တီးရာတွင် သုံးနိုင်မည့် မော်ကွန်းဓာတ်ပုံများ 


ဗိသုကာ ပညာ

၁ က) ဗိသုကာပညာ – ကိုလိုနီခေတ်

၁ ခ) ဗိသုကာပညာ – ဆိုရှယ်လစ်ခေတ်

၁ ဂ) ဗိသုကာပညာ – အရပ်သားအဆောက်အအုံများ


သမိုင်းထဲကဖြစ်စဥ်များ

၂ က) သမိုင်းဖြစ်စဥ် (၁၉၄၀ ခုနှစ်များ မှ ၁၉၆၀ ခုနှစ်များထိ)

၂ ခ) သမိုင်းဖြစ်စဥ် (၁၉၈၀ ခုနှစ်များ)


ဖက်ရှင်

၃ က) ဖက်ရှင် (၁၉၄၈ခုနှစ် မတိုင်ခင်)

၃ ခ) ဖက်ရှင် (၁၉၄၈ ခုနှစ် နောက်ပိုင်း)


မွေးဖွားခြင်း/ရှင်သန်ခြင်း/သေဆုံးခြင်း

၄ က) မွေးဖွားခြင်း/ရှင်သန်ခြင်း/သေဆုံးခြင်း – မိသားစုဘဝ

၄ ခ) မွေးဖွားခြင်း/ရှင်သန်ခြင်း/သေဆုံးခြင်း – မင်္ဂလာဆောင်အခမ်းအနားများ

၄ ဂ) ) မွေးဖွားခြင်း/ရှင်သန်ခြင်း/သေဆုံးခြင်း – စျာပနာအခမ်းအနားများ


ဗုဒ္ဓဘာသာ

၅ က) ဗုဒ္ဓဘာသာ – ပွဲလမ်းသဘင်၊ အခမ်းအနားများ

၅ ခ) ဗုဒ္ဓဘာသာ – ပုဂံ

၅ ဂ) ဗုဒ္ဓဘာသာ – ဘုရား၊ စေတီပုထိုးများ


မိသားစုအမှတ်တရ ဓာတ်ပုံအယ်ဘမ်များ

၆ က) မိသားစု ဓာတ်ပုံအယ်ဘမ် (၁)

၆ ခ) မိသားစု ဓာတ်ပုံအယ်ဘမ် (၂)

၆ ဂ) မိသားစု ဓာတ်ပုံအယ်ဘမ် (၃)

၆ ဃ) မိသားစု ဓာတ်ပုံအယ်ဘမ် (၄)

၆ င) မိသားစု ဓာတ်ပုံအယ်ဘမ် (၅)


ဂျဲန်ဒါ/ဖန်မနစ်ဇင်

၇) ဂျဲန်ဒါ/ဖန်မနစ်ဇင် – သီးခြား ဓာတ်ပုံ တစ်ပုံချင်းစီမှ ရွေးချယ်နိုင်ပါသည်။


ပို့စ်ကတ်များ

၈ က) ကိုလိုနီခေတ် ပိုစ့်ကတ်များ

၈ က) ဆိုရှယ်လစ်ခေတ် ပိုစ့်ကတ်များ


လက်ဖြင့် ဆေးခြယ်အရောင်သွင်းထားသောဓာတ်ပုံများ

၉) လက်ဖြင့် ဆေးခြယ်အရောင်သွင်းထားသောဓာတ်ပုံများ – ပုံတစ်ပုံချင်း (သို့) စီးရီး လိုက် ရွေးချယ်နိုင်ပါသည်။


သီးခြား ဓာတ်ပုံများ

၁၀)​ အခြား ထူးခြားသည့် သီးခြား ဓာတ်ပုံများ