မြန်မာဓာတ်ပုံဆရာများ
The Secretariat, Yangon
18.02.2018-11.03.2018
50.000+ visitors
မြန်မာနိုင်ငံတွင် ကနဦးဓာတ်ပုံများရိုက်ကူးနိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၁၅၀)ထက်မနည်း ရှိပြီဖြစ်သည်။ အများအားဖြင့် ကိုလိုနီခေတ်ဦးတွင် နိုင်ငံခြားသားဓာတ်ပုံဆရာများ ရိုက်ကူးခဲ့သော ဓာတ်ပုံများမှာ ကောင်းမွန်စွာ မှတ်တမ်းပြုစု၊ ထိန်းသိမ်းခံရသော်လည်း၊ ပထမဆုံး မြန်မာဓာတ်ပုံဆရာများမှာမူ လူမသိ၊ သူမသိဖြစ်ခဲ့ရသည်။ (၁၉၁၀)ခုနှစ်ဝန်းကျင်တွင်မူ မြန်မာဓာတ်ပုံဆရာများ၏ အခန်းကဏ္ဍမှာ အနည်းအကျဉ်းထွက်ပေါ်လာခဲ့ပြီး၊ မကြာမီပင် နိုင်ငံခြားသားဓာတ်ပုံဆရာများ၏ ကိုလိုနီခေတ်ဓာတ်ပုံများကို အစားထိုးကာ၊ မြန်မာ့ပကတိတရားကို မြန်မာဓာတ်ပုံဆရာများက ၎င်းတို့၏ ကိုယ်ပိုင်အမြင်များဖြင့် ဓာတ်ပုံသဘောအရ တင်ဆက်ပြန်ဆိုလာခဲ့ကြသည်။ Lukas Birk ၏ ကျယ်ပြန့်လှသော သုတေသနသည် လွတ်လပ်ပြီး၊ အမှီအခိုကင်းသော မြန်မာ့ဓာတ်ပုံပညာ ပေါ်ပေါက်လာပုံကို အသေအချာ ခြေရာကောက်ထားပါသည်။
စုဆောင်းစီစဉ်သူ၊ ဓာတ်ပုံဆရာ Lukas Birk သည် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူများထံတွင် သိမ်းဆည်းထားသော ဓာတ်ပုံမှတ်တမ်းများနှင့် ဓာတ်ပုံစတူဒီယိုများမှ ဓာတ်ပုံပေါင်း တစ်သောင်းထက်မနည်း စုဆောင်းမိခဲ့ပါသည်။ ၎င်းဓာတ်ပုံများအနက် စတူဒီယိုတွင် ရိုက်ကူးသောဓာတ်ပုံများ၊ အပျော်တမ်းနှင့် ပုဂ္ဂလိကဓာတ်ပုံများ၊ စာနယ်ဇင်းနှင့် ကြော်ငြာသုံး ဓာတ်ပုံများ ပါဝင်သည်။
Franz Xaver Augustin, Goethe-Institut မြန်မာ၏ ဒါရိုက်တာ
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-6.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-2.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-3.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-5.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-8.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-9.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-17.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-16.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-6a.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-12a.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-14.jpg)
![](https://www.myanmarphotoarchive.org/zb/wp-content/uploads/2020/05/Burmese-Photographers-Expo-13.jpg)