Agriculture

By Jonathan Lim 

 

မိုးရာသီအတွင်းကမြန်မာနိုင်ငံမှာ မိုးရွာနေတဲ့နေ့တနေ့ကိုပုံဖော်ကြည့်ရအောင်။ ကလေးတွေကျောင်းကနေ တပတ်နားရတယ်။ ၂၄နာရီ ရရက်မိုးရွာနေတယ်။ မြေသင်းရနံ့တွေ နေရာတိုင်းမှာပျံ့လွှင့်နေမယ်။ ဧရာဝတီတိုင်းတဝိုက်က လယ်သမားတွေအတွက်ကတော့ ဇာတ်လမ်းကမတူပါဘူး။ ဒီအချိန်ဟာသူတို့ ဒလမြစ်ထဲကို ဆန်စစိုက်တဲ့အချိန်ဖြစ်ပြီးဒါသူတို့အလုပ်ရဲ့အစပဲရှိပါသေးတယ်။ မနက်အစောကြီးသူတို့ထကြရမယ်။ အစေ့တွေချထားတာရက်သတပတ်တွေကြာပါပြီ။ ဒါဆိုဆန်တွေရိတ်လို့ရအောင်ကြီးနေပြီ တခြားစိုက်ခင်းတစ်ခုကိုပြောင်းလို့ရပြီ။ ပုံထားမှာပြထားတဲ့လုပ်နေပုံကို ရွှေ့ပြောင်းလယ်ယာ လို့ခေါ်ပါတယ်။ အစည်းလိုက်လေးတွေချီထားတာဟာသယ်ဆောင်ရလွယ်ကူအောင်ပါ။ လယ်ယာရွှေ့ပြောင်းခြင်းဟာ ဆန်များများထွက်စေပြီး စိုက်ခင်းရှင်းရတာသက်သာတဲ့အတွက် လယ်ယာထွက်နှုန်းပိုကောင်းစေပါတယ်။ မြန်မာနိုင်ငံက အနုပညာပန်းချီပြပွဲတွေတော်တော်များများသွားရင် စိုက်ခင်းမှာအလုပ်ကြိုးစားပန်းစားလုပ်နေတဲ့ လယ်သမားတွေကိုတွေ့ရမှာပါ။ စိုက်ပျိုးရေးဟာ မြန်မာ့စီးပွားရေးအတွက်အချက်အချာကျပါတယ်။ မြန်မာကျောင်းမှာ သင်တဲ့ကျောင်းစာအုပ်တွေမှာတွေ့ရတဲ့ စိုက်ပျိုးရေးပုံတွေကိုကြည့်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းဟာ ယဉ်ကျေးမှုကိုလည်းသက်ရောက်မှုရှိတယ်ဆိုတာတွေ့ရပါတယ်။ မြန်မာလူနေမှုတိုးတက်လာပုံမှ စိုက်ပျိုးရေးရဲ့အခန်းကဏ္ဍကိုကျောင်းမှာသင်ယူရတယ်။ မြန်မာနိုင်ငံစတင်လာပုံအကြောင်းသိမ်မသိခဲ့ရပေမယ့် မကြာသေးမီကတွေ့ရှိချက်တွေကနေတဆင့် သိရတာတွေရှိတယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်လွန်ခဲ့သောနှစ်၄ဝဝဝတုန်းက ထိုအချိန်က တရုတ်ပြည်တောင်ဘက်ကနေလယ်သမားတွေပြောင်းရွှေ့နေထိုင်လာကြပြီး သူတို့နဲ့အတူ စိုက်ပျိုးပင်တွေနဲ့ စိုက်ပျိုးရေးအလေ့အထပါလာတယ်။ စိတ်ဝင်စားစရာကတော့ မြန်မာလူမျိုးတွေရဲ့မျိုးရိုးဗီဇကိုစစ်ဆေးတဲ့အခါ ကမ္ဘောဒီယား၊ ထိုင်းနဲ့ ဗီယက်နမ်လူမျိုးတွေနဲ့ကွဲပြားနေတယ်ဆိုတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ မျိုးဆက်တွေဟာ အနောက်တောင် တရုတ်ပြည်ကနေလာဟန်ပေါ်ပြီး အရှေ့တောင်ကမဟုတ်နိုင်ပါ။ မီဒီယာတွေကလည်း လယ်သမားတွေကိုရံဖန်ရံခါချီးမြောက်သတင်းယူကြပေမယ့် ဒီလောက်နဲ့ မတင်းတိမ်ပါဘူး။ ကမ္ဘာ့ဘဏ်က ဧရာဝတီမှာရှိတဲ့လယ်သမားတွေဟာ မိုးရာသီဆန်စပါးစိုက်ခင်းမှာ ရက်၁ဝဝအချိန်ကုန်ပြီး ကမ္ဘောဒီးယားမှ ၅၂ရက်၊ ဗီယက်နမ်မှ ၂၂ရက်၊ ထိုင်းမှ ၁၁ရက်ထက်သာလွန်ပါတယ်။ စိုက်ပျိုးရေးအတွက်လုပ်ဆောင်ရတဲ့အလုပ်ဟာ ပြင်းထန်သလောက် အလုပ်ကြေးသေးငယ်စွာရရှိပြီး တနေ့ကို ပျမ်းမျှ ၂ဒေါ်လာသာရရှိပါတယ်။ လယ်ယာထွက်နှုန်းဟာ အာရှမှာအနည်းဆုံဖြစ်ပြီး တစ်နေ့အလုပ်ဟာ ၂၃ဂရမ်သာထွက်ရှိပါတယ်။ ကမ္ဘောဒီးယားမှ ၆၂ဂရမ်၊ ဗီယက်နမ်မှ ၄၂၉ ဂရမ်၊ ထိုင်းမှ ၅၄ရဂရမ်နဲ့ယှဉ်ရင်တော့အလွန်သေးငယ်တဲ့ပမာဏပါ။ ဒီလိုဆိုးရွားတဲ့ထွက်နှုန်းတွေရှိသလောက် ဖြစ်နိုင်ချေတွေများတာလည်းဟာသတစ်ခုပါ။ မြန်မာဟာ စိုက်ပျိုးမြေအများဆုံးရှိတဲ့အရှေ့တောင်အာရှနိုင်ငံများမှတစ်ခုဖြစ်ပြီး ပျိုးပင်ပေါင်းစုံ၊ သစ်သီးဝလံ၊ အသီးအရွက်မျိုးစုံစိုက်ပျိုးနိုင်တဲ့ ရေ၊မြေအခြေအနေလည်းရှိပါတယ်။ သို့သော်လည်း ဝင်ငွေပိုများနိုင်တဲ့ ဆန်စပါးပင်ကိုသာအဓိကစိုက်ပျိုးနေကြပါတယ်။ ရေကောင်းကောင်းစိုက်ခင်းတွေကိုမလွတ်နိုင်မှုနဲ့ စနစ်ကောင်းကောင်းမရှိသည့်အပြင် လယ်သမားများအားပိုမိုကောင်းမွန်သောစိုက်ပျိုးရေးနည်းလမ်းများသင်ကြားပေးနိုင်ရန်ကြိုးပမ်းခြင်းလဲမရှိပါ။ ဒီစာကိုရေးနေတဲ့အချိန်မှာပံ နိုင်ငံတကာစံနှုန်းအတိုင်းစိုက်ပျိုးရေးလုပ်နိုင်ဖို့ မြန်မာနိုင်ငံမှာတိုးတက်စရာတွေအများကြီးရှိပါတယ်။ မကြာသေးမီက စတင်လာတဲ့ကြိုးပမ်းမှုတွေက ကဏ္ဍတော်တော်များများကိုတိုးတက်လာစေတဲ့အတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုမြင်နေရပါပြီ။

 

Citations:

https://www.worldbank.org/en/country/myanmar/publication/myanmar-analysis-of-farm-production-economics

https://frontiermyanmar.net/en/myanmar-agriculture-101

https://www.nationsencyclopedia.com/economies/Asia-and-the-Pacific/Burma-Myanmar-AGRICULTURE.html

http://www.knowledgebank.irri.org/training/fact-sheets/crop-establishment/manual-transplanting

 

 

 

 

 

Jonathan is a freelance graphic designer who specializes in logos and brand identity, and a freelance writer currently working with Myanmar Photo Archive. His greatest achievement to date is being able to sit through five long, boring Transformers movies and still manage to be entertained.