အခမဲ့ ဓါတ်ပုံဟောင်းများ အား ဒီဂျစ်တယ်ဓာတ်ပုံ ပြောင်းနည်း သင်တန်း

ရုံးပိတ်ရက်တွင်ပြုလုပ်မည့် ဓါတ်ပုံဟောင်းများ အား ဒီဂျစ်တယ်ဓာတ်ပုံ ပြောင်းနည်း သင်တန်းမှတဆင့် သမိုင်းအမွေနှစ်များကို ထိန်းသိမ်းလိုက်ပါ။

Myanmar Photo Archive နှင့် Goethe Institute Yangon မှ နှစ်ရက်ကြာ ပြုလုပ်မည့် သင်တန်းမှာ အွန်လိုင်းမှ တဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား၂၀ လက်ခံသွားမှာဖြစ်ပါတယ်။ သင်တန်းတွင် သမိုင်းဓါတ်ပုံများနှင့် ဓါတ်ပုံပစ္စည်းများအကြောင်းကို လေ့လာရမှာဖြစ်ပြီး ဓါတ်ပုံများ၊ ဖလင် နက်ဂေးတစ်များ နှင့် ဓါတ်ပုံပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ဒီဂျစ်တယ်ဓာတ်ပုံ အဖြစ် ပြောင်းလဲ ပြုလုပ်ခြင်းကဲ့သို့သော အတတ်ပညာများကို မြန်မာ့ဓါတ်ပုံမော်ကွန်းမှ ဆွေးနွေးမျှဝေပေးသွားမည်ဖြစ်ပါသည်။ စမတ်ဖုန်း သို့မဟုတ် ကင်မရာဖြင့် ဒီဂျစ်တယ်ပြောင်းနည်း၊ စကင်ဖတ်စက် အသုံးပြုနည်း၊ ဖလင် နက်ဂေးတစ်များအား ဒီဂျစ်တယ်ပြုလုပ်နည်း တို့ကိုသိရှိနိုင်မှာဖြစ်ပြီး မ်ိမိဒေသရှိ အဖိုးတန် ဓါတ်ပုံအမွေနှစ်များကို လက်လှမ်းမှီသလောက် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုက်အဝန်းအသီးသီးသို့ မြန်မာ့ဓာတ်ပုံမှတ်တမ်းကို ချဲ့ထွင်ရန်ဖြစ်ပြီး ဓါတ်ပုံကဲ့သို့သော ယဉ်ကျေးမှုနှင့် အမှတ်တရများကို ဝိုင်းဝန်းထိန်းသိမ်း လိုခြင်းဖြစ်ပါသည်။

သင်တန်းအချိန် – မတ်လ ၁၆ ရက်နှင့် ၁၇ ရက်၊ ၂၀၂၄။

သင်တန်းအစီအစဥ်

– ဓါတ်ပုံနှင့် ဖလင် နက်ဂေးတစ်များနှင့် ပက်သက်သော နည်းပညာများအားလေ့လာခြင်း

– မှတ်တမ်းပစ္စည်းများကို စူးစမ်းရှာဖွေခြင်းနှင့် ဓာတ်ပုံများ၏ သက်တမ်းကို ခွဲခြားသတ်မှတ်ခြင်း

– ဖုန်းသို့မဟုတ် ကင်မရာကို အသုံးပြု၍ လိုအပ်သော အလင်းရောင်တစ်ခုတွင် ဓါတ်ပုံဟောင်းများအား ဒီဂျစ်တယ်ဓာတ်ပုံသို့ ပြောင်းလဲ ခြင်း

– ကွာလတီကောင်းသော ဓါတ်ပုံစကင်လုပ်နည်း

– ဓါတ်ပုံနှင့် ဓါတ်ပုံပစ္စည်းများ၏ အရေးပါမှုနှင့်  community storytelling အကြောင်း ဆွေးနွေးမျှဝေခြင်း

– ဒေသတွင်း ဒီဂျစ်တယ် စတေရှင်များအတွက် ဆွေးနွေးကြခြင်း

 

ဘယ်သူတွေလျှောက်ထား သင့်ပါသလဲ

မြန်မာ့ဓါတ်ပုံမော်ကွန်းမှ သမိုင်းနှင့် ပုံပြောခြင်းအား စိတ်ဝင်စားသူ အယောက် ၂၀ အား ဒေသအသီးသီးမှရှာဖွေနေခြင်းဖြစ်ပါတယ်။ သင်ဟာ အမြင်ဆိုင်ရာ သမိုင်းကြေင်း(Visual History)နှင့်ဆိုင်သော ဒေသတွင်း ယဥ်ကျေးမှုအမွေနှစ်များအား ထိန်းသိမ်းလိုသူဖြစ်ပါက အတွေ့အကြုံမရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ ဤသင်တန်းမှာ သင့်အတွက်ဖြစ်ပါသည်။

ယခင် အတွေ့အကြုံမလိုအပ်ပါ။ သင်၏ ဖုန်း၊ ကင်မရာနှင့် သင်တန်းအတွက် အသုံးပြုရန် ဓါတ်ပုံဟောင်းများ လိုအပ်ပါမည်။

လျှောက်ထားရန်

မိမိ၏ကိုယ်ရေးအကျဥ်း-CV နှင့် သင်တန်းအားတက်ရောက်ရန် ဆန္ဒရှိပုံကို A4 နှင့် တစ်မျက်နှာခန့် ရေး၍ office@myanmarphotoarchive.orgသို့ မတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ် မတိုင်ခင် ပေးပို့လျှောက်ထားနိုင်ပါတယ်။

နောက်ဆုံးလျှောက်ထားရမည့် ရက်  3.3.2024