လွမ်းခဲ့ရသော ရုပ်ရှင်ရုံ

By History of Burma 

 

ဒီနေ့ရဲ့ဆောင်းပါးတစ်ခုကတော့ ကျွန်တော်တို့ရန်ကုန်မြို့ကြီးမှာ ပျောက်ကွယ်ခဲ့တဲ့ရုပ်ရှင်ရုံ၊ကဇာတ်ရုံတွေ အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရန်ကုန်မြို့ကြီးဟာတချိန်ကရုပ်ရှင်ရုံတွေဟာစံချိန်သစ်နဲ့အောင်မြင်ခဲ့ကြသည်။ ရန်ကုန်မြို့ ရဲ့တခေတ်တခါ ရုပ်ရှင်တန်းလို့တောင်ခေါ်ခဲ့ရတဲ့ (FraserStree)တစ်လျှောက်ဟာ ရုပ်ရှင်ရုံများနဲ့ပြည့်နက်နေခဲ့သည်။ အဲ့နောက် Sule Pagoda St မှာလည်တစ်ချိန်ကအကြီးအကျယ်၏ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ရုံတချိူ့လည်ရှိခဲ့ပါ သေးသည်။လွတ်လပ်ရေးမတိုင်မှီပိုင်းက Sule Pagoda St မှာရှိတဲ့ ရုပ်ရှင်ရုံနာမည် ကတော့ THE PALLADIUM AND GLOBE (ပပဝင်းနှင့် ဂုဏ်) ဆိုပြီ ယခင် ကုန်သည်ကြီးများ ဟိုတည် ယခု ရှန်ဂီလာဟိုတည် နေရာ မှာ တည်ရှိခဲ့သည်။၄င်းရုပ်ရှင်ရုံနှစ်ရုံဟာ ၁၉၈၈ခုနှစ် လောက်ထိရှိခဲ့မယ်ထင်ပါသည်။တချိန်ကခမ်းနားလှတဲ့နာမည်တွေနဲ့ရန်ကုန်မြို့ကြီးမှာ ကျော်ကြားခဲ့မှာအသေချာဖြစ်ပါသည်။နောက်လူတွေသိပ်မသိလိုက်တဲ့တချိန်ကရုပ်ရှင်ရုံတစ်ခုရှိပါသေးသည်။၄င်းရုပ်ရှင်ရုံနာမည်မှာ CATHAY CINEMA ဖြစ်သည်။CATHAY ရုပ်ရှင်ရုံသည် ယခင် (Canal Street) ယခု ရွှေတောင်တန်းလမ်းနှင့် အနော်ရထာလမ်း၏ အနောက်မြောက်ထောင့်တွင် ယခုထိအဆောက် အဦးမှာကျန်ရှိနေသေးသည်။CATHAY ရုပ်ရှင်ရုံသည် စင်ကာပူအခြေစိုက် Chathay အဖွဲ့ရဲ့ အခြေစိုက်ဖြစ်သည်။အဆောက်အဦး၏ဗိသုကာလက်ရာမှာ ၁၉၂၉ ခုနှစ်က လက်ရာလို့ခန့်မှန်းမိပါသည်။ တချိန်က Chathay ရုပ်ရှင်ရုံသည် ရုပ်ရှင်ရုံတစ်ဖြစ်လဲ ကဇာတ်ရုံတစ်ဖြစ်လဲနဲ့ တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ပြီ လူသိနည်းပါးခဲ့သွားရသည်။ နောက်ထပ်နာမည်နဲ့အဆောက်အဦးပါပျောက်ကွယ်ခဲ့ရတဲ့ရုပ်ရှင်ရုံကျန်ပါသေးသည်။၄င်းရုပ်ရှင်ရုံမှာ ၁၉၆၁ခုနှစ် လောက်က အောင်မြင်ခဲ့ဖူတဲ့ (RITZ CINEMA) ရဲရင့်ရုပ်ရှင်ရုံဖြစ်သည်။ရဲရင့်ရုပ်ရှင် ရုံသည် ယခင်( Sule Pagoda St & Fraser St) ထောင့် ယခု ဆာကူရာ အဆောက်အဦးနေရာ တွင်ရှိခဲ့သည်။ အဲ့ခေတ်အခါအရ ရုပ်ရှင်ရုံတွေဟာလဲ လူတွေစိတ်ကို ဖမ်းစားနိုင်လောက်အောင်အောင်မြင်မူတွေရခဲ့ ကြသည်။ရုပ်ရှင်ရုံတွေနဲ့အတူ အမှတ်တရတွေ ပျော်ရွှင်မူတွေလည် ရှိခဲ့ကြဖူးသည်မှာပါ။ နောက်ထပ်ရုပ်ရှင်ရုံတစ်ရုံနဲ့ထပ်မိတ်ဆက်ပေးမည့် နာမည် မှာ (New Excelsior Cinema) ဝဇီရာရုပ်ရှင် ရုံဖြစ်သည်။တချိန်က Montgomery လမ်း မှာရှိတဲ့ Excelsior ကဇာတ်ရုံလည်ဖြစ်သည်။၄င်းရုပ်ရှင်ရုံဟာ ၁၉၂ဝပြည့်နှစ်ကာလ ကဆောက်လုပ်ထားခဲ့ပြီ ရန်ကုန်မြို့ရှိသက်တမ်းအရင့်ဆုံးရုပ်ရှင်ရုံလဲဖြစ်သည်။ ပုံထဲတွင်ပြသသည့်ဇာတ်ကားမှာ Bathing Beauty ဇာတ်ကားဖြစ်ပြီ ၁၉၅၀ ခုနှစ်က ပုံဟုထင်ရသည်။ ၄င်းဇာတ်ကားဟာ ၁၉၄၄ ခုနှစ်ကUS နိုင်ငံမှ စတင်ထွက်ရှိခဲ့သည်။အချိန်တွေကြာလာသည်နှင့်အလျောက် ရုပ်ရှင်ရုံတွေဟာလည်များပြားလျက်ရှိလာခဲ့ပါသည်။တချိူ့ရုပ်ရှင်ရုံတွေဟာလည်အိုဟောင်းနွမ်းပြီ တချိူ့ရုပ်ရှင်ရုံတွေကတော့ပျောက်ကွယ်ခဲ့ပါပြီ။ဒါကြောင့်ကျွန်တော်တို့ရှေးအဆောက်အဦးများကို ထိန်းသိမ်းကာပြန်လည်အသက်သွမ်းကြပါစို့ခင်ဗျာ။




 

 

 

 

History of Burma ခေါ် ရောဘတ်ဟာ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုတည်ထောင်ထားပြီး ၄င်းအင်တာနက်တွင် သုတေသနပြု ရှာဖွေထားသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အချက်အလက်များကို ပေ့ချ်ပရိသတ်များနဲ့ဝေမျှပါတယ်။ မြန်မာသမိုင်းကြောင်းကိုအလွန်စိတ်ဝင်စားပြီး တစ်ချိန်မှာ ဓာတ်ပုံပြတိုက်အသေးလေးတစ်ခုဖွင့်ကာ အတိတ်ပုံရိပ်တွေကိုဝေမျှလိုပါတယ်။.