မြန်မာ့ဓာတ်ပုံမော်ကွန်းသည် မြန်မာနိုင်ငံတစ်ဝှမ်းက ဓာတ်ပုံမှတ်တမ်းတွေကို အများဆုံးစုစည်းထားနိုင်တဲ့ မော်ကွန်းတိုက်တစ်ခုဖြစ်ပြီး လွတ်လပ်တဲ့ မော်ကွန်းတိုက်တစ်ခုလည်းဖြစ်ပါတယ်။ Goethe-Institut Myanmar နဲ့ မြန်မာ့ဓာတ်ပုံမော်ကွန်းတို့အနေနဲ့ မော်ကွန်းမှာ ထိန်းသိမ်းထားတဲ့ ဓာတ်ပုံတွေကို လူအများဝင်ရောက် ကြည့်ရှုလေ့လာနိုင်စေဖို့၊ နိုင်ငံတကာက မြန်မာ့သမိုင်းကို အခြားသော ရှုထောင့်တွေကနေ စိတ်ဝင်စားလာစေဖို့နဲ့ ကျယ်ပြန့်စွာသိမြင်လာစေဖို့ အတူတကွရည်ရွယ်လုပ်ဆောင်လျက်ရှိပါတယ်။

စိတ်ဝင်စားဖွယ် မြန်မာနိုင်ငံရဲ့ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေကတဆင့် (အမြင်ပိုင်းဆိုင်ရာ)သမိုင်းကြောင်း တွေကိုပြောကြမယ့် စကားဝိုင်းအစီအစဥ်တစ်ခုဖြစ်ပါတယ်။ စကားဝိုင်းမှာ မြန်မာ့ဓာတ်ပုံမော်ကွန်း တည်ထောင်သူ Lukas Birk နဲ့ MPA မှတာဝန်ရှိသူများက မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ ယခင်က လုပ်ဆောင်ခဲ့တာတွေ၊ လက်ရှိဆောင်ရွက်ဆဲ အစီအစဉ်တွေနဲ့ အနာဂတ်မှာဖော်ဆောင်သွားမယ့် အစီအစဉ်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့သမိုင်း၊ ဓာတ်ပုံ၊ အနုပညာကို စိတ်ဝင်စားသူတိုင်း လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

နေ့ရက်နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၃။

နေရာ – Goethe-Institut Myanmar ပွဲခန်းမ

အချိန်ညနေ ၃း၃၀ မှ ၆း၀၀ ထိ