အနုပညာရှင်၊အတတ်ပညာရှင်များအားဖိတ်ခေါ်ခြင်း – မြန်မာ့သမိုင်းအား အမြင်သစ်ဖြင့် ပုံဖော်ခြင်း။

 

၂၀၂၃ တွင် Goethe-Institut Myanmar နှင့် မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တို့မှ အကောင်အထည်ဖော်ဆောင်မည့် အစီအစဉ်တွင် ပါဝင်ရန် သင့်အား ဖိတ်ခေါ်လိုပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တွင် စုဆောင်းထားရှိသည့် ဓာတ်ပုံများအား သုံး၍ ထပ်ဆင့် ဖန်တီးမှုများ ပြုလုပ်နိုင်မည့် အနုပညာရှင် အတတ်ပညာရှင် များ အတွက် ထောက်ပံ့ကြေး (၄၅) မျိုး ပေးသွားမည် ဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်းသည် မြန်မာနိုင်ငံတဝှမ်း မှ ပြည်သူများ ၏ ဓာတ်ပုံမှတ်တမ်းများအား အများဆုံး စုစည်းထားနိုင်သည့် မော်ကွန်းတိုက် တစ်ခု ဖြစ်သလို လွတ်လပ်သော မော်ကွန်းတိုက်တစ်ခုလဲဖြစ်ပါသည်။ ြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်သည် ၂၀၁၃ ခုနှစ်မှ စတင်စုစည်းခဲ့ပြီး မော်ကွန်းတွင် မှတ်တမ်းတင်ထားသော ရုပ်ပုံများဖြင့် ပြည်တွင်း၊ ပြည်ပ ပြပွဲများနှင့် ထုတ်ဝေမှုများတွင် အဆက်မပြတ် ပါ၀င်တင်ဆက်လျှက်ရှိပါသည်။ Goethe-Institut Myanmar သည် 2018 ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ကြေးအစီအစဉ်များနှင့် ထုတ်၀ေမှုအစီအစဉ်များတွင် ခိုင်မာသောပံ့ပိုးကူညီသူအဖြစ် ပါ၀င်လျက်ရှိပါသည်။ Goethe-Institute Myanmar ၏ ရက်ရောသော ပံ့ပိုးကူညီမှုကြောင့်လည်း အစီအစဉ်များကို အကောင်အထည်ဖော်လာနိုင်ခဲ့ခြင်းဖြစ်သည်။