မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်မှ ထောက်ပံ့ကြေးရရှိသူများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Goethe-Institut Myanmar ရဲ့ပံ့ပိုးမှုနဲ့ မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ ထောက်ပံ့ကြေးရရှိသွားသူ အားလုံးကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။ 

လာရောက်လျှောက်ထားသူများစွာထဲမှ မြန်မာ့သမိုင်းကြောင်းဆိုင်ရာ ဖန်တီးမှုများအတွက် အိုင်ဒီယာ၊ စိတ်ကူးစိတ်သန်း၊ ဖန်တီးမှုအား အကောင်းဆုံးဖြစ်မည့်သူများကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ ပါဝင်ပေးကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ 

ယခုအစီအစဉ်မှာ ပါဝင်ပြီး ဖန်တီးကြမယ့် အနုပညာလက်ရာတွေကို ထုတ်ဝေခြင်း၊ ပြပွဲများပြုလုပ်ခြင်း အပါအဝင် အစီအစဥ်များစွာ ပြုလုပ်သွားဦးမှာမို့အားလုံး စောင့်မျှော်အားပေး ကြပါရန်လည်း တိုက်တွန်းလိုက်ပါတယ်။ 

ထောက်ပံ့ကြေး ရရှိသွားသူများ အားလုံး Congratulations ပါ။