စုဆောင်းခြင်း အလေ့အထ နှင့် မော်ကွန်းတိုက်များ အကြောင်း စကားဝိုင်းကို တက်ရောက်ပါဝင်ခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။

မရီတာခင်မှ moderate လုပ်ပေးခဲ့တဲ့ ဒီစကားဝိုင်းမှာ မဖြူအိသိန်း၊ ကို Phillip De Burma နဲ့ Lukas တို့အားလုံးက သူတို့ရဲ့ မော်ကွန်းတင်ခြင်း၊ စုဆောင်းခြင်း အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေ၊ အိုင်ဒီယာတွေ၊ မတူညီတဲ့ ရှုထောင့်တွေနဲ့ ပါဝင်ဆွေးနွေးခဲ့ပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေမှာ မော်ကွန်းတစ်ခု ကို ဘယ်လိုစတင်ကြမလဲ။ မော်ကွန်းတင်တယ် ဆိုတာ ဘာအတွက်လဲ။ စုဆောင်းခြင်း အလေ့အထ နှင့် မော်ကွန်းတိုက်များ ရဲ့ ကွာခြားချက်တွေ နဲ့ အမွေအနှစ်ပစ္စည်းတွေကို ထိန်းသိမ်းရာ မှ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရသလဲ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။ တက်ရောက်ခဲ့သူများကလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေ မေးခဲ့ကြပြီး အားလုံးပါဝင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။

တစ်နာရီကြာ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် မေးခွန်းတွေ၊ ဆွေးနွေးမှုတွေက အားကောင်းနေခဲ့တာကြောင့် အချိန်ကျော်နေခဲ့ပေမယ့် ဆက်သွားဖြစ်ခဲ့ပါတယ်။ စိတ်ဝင်တစားတက်ရောက်ခဲ့တဲ့ လူပမာဏ၊ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေအတွက် ကျေနပ်အားရ ခဲ့ရပါတယ်။ Goethe-Institut Myanmar ပြပွဲခန်းမ ထဲမှာ အခုလို့အမှတ်ရစေမယ့် ညနေခင်းလေးကို ဖန်တီးပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်ထပ်လုပ်ဆောင်သွားမယ့် ပွဲတွေ၊ အချက်အလက်တွေအတွက် မြန်မာ့ဓါတ်ပုံမော်ကွန်းကို ဖေစ့်ဘွတ် နှင့် အင်စတာဂရမ်တို့မှာ follow လုပ်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ့ဓါတ်ပုံမော်ကွန်း အကြောင်းကို အောက်ပါ လင့်ခ်များအတိုင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။