Instruments

By Jonathan Lim 

ဒီိပို့စ်ကတ်ရဲ့အရှေ့ပုံကိုကြည့်လိုက်တာနဲ့ ပွဲသဘင်တစ်ခုခုရှိနေတယ်ဆိုတာသိသာပါတယ်။ အမျိုးသမီးတွေက ကနေတယ်၊ ခေါင်းပေါ်မှာပန်းတွေပန်ထားတယ်။ လူတွေက မြန်မာ့ရိုးရာတူရိယာတွေကိုတီးမှုတ်နေကြတယ်။ အလယ်မှာရှိတဲ့ယောက်ျားနှစ်ယောက်ကတော့ ကနေတယ်လို့ပဲမှတ်ယူလိုက်ပါတယ်။ ပုံစံတွေကထူးဆန်းနေတော့။ မြန်မာ့တူရိယာတွေမှာ ကဏ္ဍ၅မျိုးရှိတယ်။ သရေ (သရေဖြင့်ပြုလုပ်ထားသော ဗုံများ)၊ ကြေး (ကြေးခေါင်းလောင်း အစရှိသည်)၊ ကြိုး (ကြိုးအခြေခံထားသောတူရိယာများ)၊ လေ (လေအသုံးပြုရသော တူရိယာများ)နှင့် လက်ခုပ် တို့ဖြစ်ကြသည်။ ပုံ၏အနောက်တွင်ရှိသောလူ၃ယောက်သည် နှဲဟူသော သစ်သားဖြင့်ပြုလုပ်ထားသည့် ကောက်ကွေးသောကြောင့်လူသိများသော တူရိယာကိုမှုတ်နေကြသည်။ ပိုသေးသော သစ်သားစက်ဝိုင်းတွေထိုင်နေသောသူက ဆိုင်းဝိုင်းကိုတီးနေသည်။ ဆိုင်းဝိုင်းတွင်တီးခတ်သူကိုပတ်လည်ခြံရံထားသော ကြေး၂၁တစ်ခုပါဝင်ပြီး တီးခတ်ရန်ပြုလုပ်ထားသောတူဖြင့် ခေါက်လျက်တီးခတ်သည်။ ၄င်း၏ညာဘက်တွင်ရှိသောပိုကြီးသောစက်ဝိုင်းတွင်ထိုင်နေသူက ပတ်ဝိုင်းကိုတီးသည်။ ပတ်ဝိုင်းတီးသူသည် ဆိုင်းဝိုင်းအားဦးဆောင်သူဖြစ်ပြီး သူပတ်လည်တွင်ရှိသောဗုံ၂၁ခုကို ပတ်လျက်လျင်မြန်စွာတီးသည်။ ပိုကြီးသောစက်ဝိုင်းရှေ့တွင်ရှိသောသူက ၀ါးလက်ခုပ်ကိုတီးသည်။ တက်ကြွ၊ မခန့်မှန်းနိုင်၊ ရုတ်တရက်ဖန်တီးတတ်သောသဘာဝရှိသည့်ဒီတူရိယာကို ကချေသည်များ၊ ရုပ်သေးရုပ်သဘင်များသာမက ဘာသာရေးပွဲတစ်ခုဖြစ်သော နတ်ကတော်ပူဇော်ပွဲများတွင်လည်းတွေ့ရသည်။ နယူးယောက်တိုင်းမ် သတင်းစာရှိဆောင်းပါးတစ်ခုကဤသို့ဆိုသည်။ ”မြန်မာ့ဂီတဟာ ရင်မောစရာထိတွေ့မှုတစ်ခု၊ တည်ငြိမ်တဲ့တီးလုံးတွေကြားရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့သွေဖယ်တဲ့အရာပါ။ စကားစုတစ်ခုကို ထပ်ခါတလဲလဲကြားရင်ကြားရမယ်၊ နောက်တခါမကြားရတော့တာလဲဖြစ်ချင်ဖြစ်မယ်။ ဂီတလှိုင်းတစ်ခုကို နောက်တစ်ခုကဆက်တိုက်လိုက်နေတယ်။ ပျော့ပျော့လေးလာတဲ့ သံဇဉ်တွေကမြန်ဆန်လာပြီး မယ်လိုဒီတွေကတူရိယာတစ်ခုပြီးတစ်ခုဆီပြေးနေတယ်။ အမေးအဖြေတွေလုပ်နေသလိုမျိုးပြေးရင်းကနေ တစ်ပြိုင်နက်တူရိယာတွေအကုန်လုံရဲ့ စည်းလုံးစွာထွက်လာတဲ့သံစဉ်ဟာ တဖြည်းဖြည်းနဲ့အရှိန်မြင့်လာတယ်။” အငြိမ့်ပွဲတွေမှာလည်း ဆိုင်းဝိုင်းကမပါမဖြစ်ပါ။ အငြိမ့်ဟာ အဆိုအကနဲ ့ဟာသဖျော်ဖြေမှုတွေပါဝင်တဲ့ သဘင်တစ်ခုဖြစ်ပြီး ဆိုင်းဝိုင်းနှင့်အတူကပါတယ်။ အငြိမ့်ပွဲဆိုဒ်မျိုးစုံရှိပြီး ကြီးပြီဆိုရင်လည်း အငြိမ့်ကသူတွေဒါဇင်လိုက်ပါဝင်တတ်ပါတယ်။ ဆိုင်းဝိုင်းဟာ အချိန်ပြောင်းလဲမပြောင်းလဲတဲ့ မြန်မာ့အစဉ်အလာတစ်ခုပါ။ အခုခေတ်မှာတော့ စန္ဒရား၊ တယောတို့နဲ့ပေါင်းစည်းတီးတတ်ပြီး သဘင်ဆန်လာပါတယ်။ MPA-AHUJA-POSTCARDS-73 ကိုးကားချက်များ http://factsanddetails.com/southeast-asia/Myanmar/sub5_5e/entry-3089.html Instruments https://en.wikipedia.org/wiki/Hsaing_waing https://asiasociety.org/burmese-hsaing-and-anyein?page=0%2C0

 

 

 

 

 

Jonathan ဂျော်နသန်ဟာ အလွတ်တန်းဂရက်ဖစ် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အမှတ်တံဆိပ်များနှင့် Brand identity ကိုအထူးပြုလုပ်ကိုင်ပါသည်။ ယခုအခါ မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်၏ အလွတ်တန်းစာရေးသူအဖြစ်လည်း လုပ်ကိုင်သည်။ သူရဲ့အခုချိန်ထိ အကြီးမားဆုံးဂုဏ်ယူစရာသည် ပျင်းစရာကောင်းသော၊ ရှည်လျားလှသော Transformer ရုပ်ရှင် ၅ကားကိုကြည့်ရင်း ကျေနပ်သွားခြင်းဖြစ်သည်။