မြန်မာ့ချည်ထိုးလုပ်ငန်း

By Thweep Ake Rittinaphakorn

  မြန်မာ့ယဉ်ကျေးမှုဟာအံ့သြမင်သက်ဖွယ်ကောင်းပါတယ်။ ကြွယ်ဝတယ်၊ ဆန်းကြယ်တယ်၊ ကွဲပြားတယ်။ အမြင်အနုပညာယဉ်ကျေးမှုပုံစံမျိူးစုံကိုကြည့်ခြင်းဖြင့် အံ့သြဆန်းကြယ်မှုကိုတွေ့ရတယ်။ ပိတ်စတွေနဲ့ ယက်လုပ်ထားတဲ့အစတွေဟာဒီအမြင်အနုပညာယဉ်ကျေးမှုရဲ့တစိတ်တပိုင်းပါ။ မြန်မာ့ရိုးရာဝတ်စုံကိုဝတ်စဲရှိတဲ့ဒေသခံတွေကြောင့်ဒီအမြင်အနုပညာတွေကိုကျယ်ပြန့်စွာမြင်ရတယ်။ ကျွန်တော့်ရဲ့ မြန်မာအဝတ်အထည်နဲ့ ရိုးရာဝတ်စုံတွေကိုလေ့လာရန်ပြင်းပြစိတ်ဟာ အများကြီးစုဆောင်းမိစေခဲ့တယ်။ နှစ်တွေအကြာကြီးမှာ ကျွန်တော်ဟာမြန်မာ့အဝတ်အထည်ပေါင်းများစွာကို စုဆောင်းခဲ့တယ်။ ယက်လုပ်ထားတာတွေ၊ မျိုးစုံသောနည်းလမ်းနဲ့ အလှဆင်ထားတဲ့အထည်တွေပါဝင်ပါတယ်။ ဒီစုဆောင်းမှုတွေကို ဓာတ်ပုံတွေနဲ့အတူယှဉ်တွဲလေ့လာနိုင်တယ်။ ဒီလိုယှဉ်တွဲလေ့လာခြင်းဖြင့် ဖက်ရှင်အပေါ်ပိုနားလည်လာစေပြီး ကိုလိုနီခေတ်၊ လွတ်လပ်ရေးလွန်ခေတ်တို့ရဲ့ အလှအပေါ်မြင်ပုံ၊ ကုန်သွယ်ရေးနဲ့ ရှေးယခင်ရဲ့အဝတ်အစားနဲ့လူမှုအဆင့်အတန်းခွဲခြားပုံတွေကိုတွေ့ရတယ်။   မြန်မာတွေဟာသူတို့ရဲ့ အဝတ်တွေကိုဘယ်လိုအလှဆင်ရမလဲကောင်းကောင်းမြင်တတ်တယ်ဆိုတာ သူတို့ရဲ့ ထမီနဲ့ လုံချည်တွေကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ထင်ရှားတဲ့ဥပမာတွေကတော့ မင်္ဂလာဆောင်၊ ဘုန်းကြီးဝတ်ပွဲ၊ နားဖောက်ပွဲတို့မှာ ပွဲလမ်းသဘင်တွေအတွက်ဝတ်တဲ့အဝတ်တွေပါ။ အလှဆင်တဲ့နည်းလမ်းတွေထဲကတစ်ခုကတော့ချည်ထိုးခြင်းဖြစ်ပါတယ်။   မြန်မာ့ချည်ထိုးလုပ်ငန်းအကြောင်းပြောပြီဆိုလျှင် ရွှေကြိုး၊ငွေကြိုးတွေ၊ စီကွင့်စ်တွေ၊ အရောင်ပြန်မျက်နှာပြင်တွေနဲ့ထိုးထားတဲ့ ရွှေချည်ထိုးထည်တွေကိုပြေးမြင်မိမှာပါ။   မြန်မာ့အဝတ်အထည်တွေမှာ ချည်ထိုးပုံစံနောက်နှစ်ခုရှိပါသေးတယ်။ ဒီနည်းလမ်းနှစ်ခုဟာ ရိုးရှင်းယောင်ရှိပြီး ရင်ဖုံးတွေ၊ ကွင်းလုံးစကတ်တွေ၊ ရှေ့ကွဲထမီတွေနဲ့ တောင်ရှည်ပုဆိုးတွေကို အလှဆင်ဖို့အတွက်သုံးပါတယ်။ ဒီနည်းလမ်းတွေဟာ သာမန်လူတွေဝတ်တဲ့အဝတ်တွေနဲ့ သဘင်ကသူတွေရဲ့အဝတ်တွေမှာလည်းတွေ့ရလေ့ရှိပါတယ်။   ပထမနည်းလမ်းကတော့ရိုးရှင်းပါတယ်။ ဘူလီယွန်ရုပ်ကြွချုပ်နည်းဖြစ်ပြီး ချောမွေ့တဲ့အသားသို့ ကြမ်းတဲ့အသားပေါ်မှာ ရွှေချည်၊ငွေချည်ဖြင့်ထိုးခြင်းပါ။ လိုချင်တဲ့ဒီဇိုင်းရအောင်အဝတ်စပေါ်မှာ ဘူလီယွန်နည်းအတိုင်းချုပ်ပါတယ်။ ပြီးဆုံးသွားတဲ့အခါ ဒီဇိုင်းရုပ်ကြွအဖြစ်ရှိပါတယ်။ တခါတလေ ပိုခမ်းနားဖို့လိုတဲ့အခါ စီကွင့်စ်တွေထည့်တယ်။ ဒါပေမယ့်လည်း ဒီချည်ထိုးနည်းဟာခိုင်မာမှုနည်းတယ်။ ဒါကြောင့် ဟောင်းသွားတဲ့အဝတ်တွေ၊ ရှေယခင်ကအဝတ်တွေဆိုရင် ဒီဇိုင်းတွေတစိတ်တပိုင်းပျောက်ဆုံးနေတာမျိုးဖြစ်တတ်ပါတယ်။    ဒုတိယနည်းလမ်းကတော့ ကွင်းဆက်ချည်ထိုးနည်းပါ။ ဒီနည်းလမ်းဟာ အိန္ဒိယကလာတယ်လို့ယူဆရပြီး ယခုထိအသုံးပြုဆဲပါ။ အိန္ဒိယမှာတော့ဒီချည်ထိုးနည်းကို အာရီ ချည်ထိုးနည်းလို့ခေါ်ပါတယ်။ ချည်ထိုးသူတွေက သိုးမွေးထိုးတံနဲ့တူသော်လည်းပိုပါးတဲ့အပ်တစ်ချောင်းနဲ့ထိုးပါတယ်။ ချည်ထိုးသူဟာဒီအပ်သေးကို ပိတ်စရဲ့အပေါ်အောက်ထိုးပြီး နောက်လက်တစ်ဖက်နဲ့ ကွင်းလုပ်ကာ အပ်ကိုထိုကွင်းထဲထည့်ရင်းပိတ်စကိုချုပ်ပါတယ်။ အပ်နဲ့ပါလာတဲ့ကွင်းဟာပိတ်စပေါ်မှာကွင်းအနေနဲ့ပေါ်လာပြီး ထိုနည်းအတိုင်းဆက်ထိုးရင်းနောက်ကွင်းဆက်တွေပေါ်လာပါတယ်။ ဒီချည်ထိုးနည်းပိုကျွမ်းသွားပြီဆိုရင် ထိုးနှုန်းအရမ်းမြန်လာပြီး ချည်ဟာကွင်းဆက်ရှည်ကြီးဖြစ်လာကာ လိုချင်တဲ့ပုံစံရအောင်ထိုကွင်းဆက်နဲ့ပုံဖော်ပါတယ်။ ချည်ထိုးပြီးပြီဆိုရင် ကွင်းဆက်တွေပိတ်စပေါ်မှာ ချောချောမွေ့မွေ့သေသေသပ်သပ်ရှိနေအောင် သစ်သားတူနဲ့ပိတ်စကိုထုပါတယ်။ ရွှေ၊ ငွေချည်တွေအပြင် အဖြူချည်တွေနဲ့လည်းထိုးလေ့ရှိတယ်။ ဒါပေမဲ့အဖြူချည်တွေနဲ့ထိုးရင် ဒီဇိုင်းပိုပေါ်သော်လည်းမျက်နှာပြင်ကြမ်းပါတယ်။   ပိတ်စတွေတော်တော်များများမှာ ဒီနည်းလမ်းနှစ်ခုလုံးသုံးပြီးထိုးထားတဲ့ပိတ်စတွေကပိုစိတ်ဝင်စားတဲ့ဒီဇိုင်းတွေရှိတာကိုတွေ့ရတယ်။ အရုပ်ကပ်ချုပ်ခြင်း၊ ဆေးဖြန်းခြင်းစတဲ့နည်းလမ်းတွေကိုလည်း အထက်ပါချည်ထိုးနည်းတွေနဲ့ပေါင်းသုံးတယ်။ ဒီနည်းလမ်းနှစ်မျိုးဟာ ၂ဝရာစု လေးပုံနှစ်ပုံလောက်မှာစပြီး ကျယ်တွင်စွာသုံးလာပုံထောက်တယ်။ အဲ့ခေတ်ထဲကဒီနည်းလမ်းနှစ်ခုကိုအသုံးပြုပြီးချည်ထိုးထားတဲ့အထည်တွေကိုယနေ့ခေတ်ထိတွေ့နေရဆဲပါ။  

 

 

 

Thweep Rittinaphakorn (AKE) is an independent scholar whose work focuses mainly on textiles and arts history. He is currently working as a volunteer for the Siam Society and has recently been appointed as a textiles curator of the Siam Society textiles collection. AKE is an avid antique textiles enthusiast and collector with over a decade experience. He was recently invited to give a talk on the Burmese tapestry woven textiles “Luntaya Acheiq” as part of the exhibition in Chiang Mai.