ရက်ကန်းရက်ခြင်း

By Jonathan Lim 

ဒီရှေးပို့စ်ကတ်ကို ကြည့်လိုက်တာနဲ့သမိုင်းကြောင်းနဲ့ ဓလေ့မျိုးစုံကိုတွေ့ရမှာပါ။ ဗြိတိသျှကိုလိုနီခေတ်ရဲ့ မြန်မာ့ဘဝကိုဖော်ပြတဲ့ပို့စ်ကတ်တွေကို ထုတ်ဝေခဲ့တဲ့ ပွန်ဂျာပီဓာတ်ပုံဆရာ ဒီအေအာဟူဂျာရဲ့လက်ရာများမှတစ်ခုဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာ လူ၄ယောက်ရှိတယ်။ သင်စမြင်မိတဲ့သူဟာ ဘယ်ဘက်ကမိန်းကလေးဖြစ်နိုင်တယ်။ သူမက သူ့ထက်ကြီးတဲ့ ယန္တရားကြီးဘေးမှာရပ်နေပြီး ထိုယန္တရားမှာ အမျိုးသမီးတစ်ယောက်ကအဝတ်တစ်ခုကို ရက်ကန်းရက်နေပါတယ်။ နောက်ခံရဲ့ညာဘက်မှာ အရိပ်နက်နှစ်ခုကိုတွေ့ရပြီး အဲ့တာတွေအနောက်မှာတော့ တဲအိမ်လိုလို စပါးခြံစည်းရိုးလိုလိုတစ်ခုရှိပါတယ်။ အောက်ဘယ်ဘက်မှာတော့ ”မြန်မာ့ရက်ကန်း”ဆိုပြီးရေးထားပါတယ်။ ရိုးရာရက်ကန်းဟာ လက်မှုပညာတွေမှာနာမည်အကြီးဆုံးပါ။ စာပေတွေအရ ရက်ကန်းဟာ ပုဂံခေတ် ၉ ရာစုတည်းကရှိခဲ့ပါတယ်။ ၁၉ ရာစုဗြိတိသျှတွေလက်ထက်မှာတော့ အထည်စက်ရုံတွေတည်ဆောက်ခဲ့တယ်။ ဆယ်စုနှစ်တွေအတွင်းမှာ ရက်ကန်းလုပ်ငန်း၊ အထည်လုပ်ငန်းဟာ အတက်အကျတွေများစွာရှိခဲ့ပြီး အခုခေတ်မှာတော့နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုတွေက ကောင်းမွန်စွာလည်ပတ်စေပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံရှိတဲ့အလျောက်ရက်ကန်းရက်ပုံတွေလည်းမျိုးစုံရှိတယ်။ ရှမ်းထည်တွေဟာ ကြာပန်းကလာတဲ့ပိုးနဲ့ရက်ထားပြီး ကြာပန်းမှချည်ထုတ်တဲ့အလုပ်ဟာ လွန်စွာခက်ခဲလှတဲ့အလုပ်ဖြစ်ပါတယ်။ ချင်းထည်တွေကတော့ ၀ါဂွမ်းနဲ့လုပ်ထားပြီး သမိုင်းနဲ့ ရိုးရာကိုပါထည့်ချုပ်ထားပါတယ်။ အခြားတိုင်းရင်းသားတွေလည်း ဒီလိုပါပဲ။ ရက်ကန်းအလုပ်လုပ်ကိုင်သူတော်တော်များများဟာ အမျိုးသမီးတွေပါ။ ၄င်းတို့အမေတွေ၊ အဖွားတွေဆီကသင်ကြားခဲ့ပြီး သူတို့မျိုးဆက်တွေကိုလည်းဆက်လက်ဆင့်ကမ်းသွားမှာပါ။ လက်ထပ်ပြီးကာစချင်းအမျိုးသမီးတွေဟာ လက်ဖွဲ့အဖြစ်စောင်တစ်ထည်ရက်ရပါတယ်။ မြန်မာတိုင်းမ်ရဲ့အဆိုအရ ”လင်မယားမှ တစ်စုံတစ်ဦးသေလျှင် လက်ဖွဲ့စောင်ကိုနှစ်ပိုင်းပိုင်းကာ သေဆုံးသူကိုအုပ်လျက် နောက်တစ်ဦးသေလျှင် ကျန်ရှိသောအစဖြင့်အုပ်သည်” ဟုဆိုပါတယ်။ မိသားစုအမွေအဖြစ်လည်းအထည်တွေကိုရက်ကြပါတယ်။ မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပေးပြီး၊ မိသားစုအတွက်အရေးကြီးတဲ့ပွဲတွေမှာအသုံးပြုခဲ့တဲ့ အထည်အစတွေကို အမွေအဖြစ်ပေးကြတယ်။ လူမျိုးစုတစ်ချို့မှာ အထည်တွေပေါ်ကအကွက်တွေဟာ လက်ထပ်ထားသူဟုတ်မဟုတ်နဲ့ မိမိရဲ့ လူတန်းစားကိုပါဖော်ပြတဲ့အကွက်တွေဖြစ်နိုင်ပါတယ်။ စျေးကွက်စီးပွားရေးစနစ်တွေက ရက်ကန်းလုပ်ငန်းကို အသက်ဝင်ပြီး ကြီးသထက်ကြီးလာအောင်လုပ်ဆောင်နေပေမယ့် ရိုးရာရက်ကန်းမှာတော့ နောက်ကျကျန်နေပါတယ်။ ရိုးရာရက်ကန်းရက်သူအများစုဟာ အသက်ကြီးအမျိုးသမီးတွေဖြစ်ပြီး အသက်ငယ်သူတွေလုပ်တာရှားပါးလာတဲ့အတွက် ထုတ်အားမကောင်းတော့ပါ။ အိမ်မှာ ယက်ကန်းမှာ ကြိုးစားပန်းစားရက်နေတဲ့သမီးတစ်ယောက်ရှိတာဂုဏ်ယူစရာပါ လို့မှတ်ယူထားကြသေးသော်လည်း ရိုးရာရက်ကန်းရက်သော မိန်းမငယ်များရှားလာပါတယ်။ မျှော်လင့်ချက်မရှိတော့တာတော့မဟုတ်ပါဘူး။ ဒေသခံနှင့် နိုင်ငံတကာမှ ရိုးရာရက်ကန်းကိုအားပေးမှုတွေကြောင့် ရိုးရာရက်ကန်းဆိုတာမသေဆုံးနိုင်ပါဘူး။ မျိူးဆက်ဟောင်းတွေရဲ့ဓလေ့တွေကိုသယ်ယူပြီး ရက်ကန်းရက်တဲ့မျိုးဆက်သစ်မရှိရင်တောင် မိမိတို့ခေတ်အခါရဲ့ပုံစံနဲ့ ဆက်လုပ်ဆောင်နေမှာပါ။

 

Citations:

https://www.fibre2fashion.com/industry-article/7567/evolution-of-myanmar-garment-industry-past-present–future

https://www.mmtimes.com/lifestyle/5011-in-ethnic-textiles-history-is-woven.html

https://www.myanmarinsider.com/myanmar-silk-queen-of-textiles/

 

 

 

 

Jonathan ဂျော်နသန်ဟာ အလွတ်တန်းဂရက်ဖစ် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အမှတ်တံဆိပ်များနှင့် Brand identity ကိုအထူးပြုလုပ်ကိုင်ပါသည်။ ယခုအခါ မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်၏ အလွတ်တန်းစာရေးသူအဖြစ်လည်း လုပ်ကိုင်သည်။ သူရဲ့အခုချိန်ထိ အကြီးမားဆုံးဂုဏ်ယူစရာသည် ပျင်းစရာကောင်းသော၊ ရှည်လျားလှသော Transformer ရုပ်ရှင် ၅ကားကိုကြည့်ရင်း ကျေနပ်သွားခြင်းဖြစ်သည်။