ရန်ကုန်ဖက်ရှင် ၁၉၇၉

 

Lukas Birk

ဤစာအုပ်သည် ၁၉၇၀နှောင်းပိုင်းကာလများဠ် ရန်ကုန်၏ဖက်ရှင်ကျသောလူငယ်များအား လွတ်လပ်စွာ  ထူးခြားသောဖက်ရှင်ဓာတ်ပုံများအကြောင်းကိုဖော်ပြထားသည်။ ထိုအချိန်က အထူးသဖြင့် ရန်ကုန်တက္ကသိုလ်နှင့်  ရန်ကုန်မြို့လယ်တစ်ဝိုက်မှ ဓာတ်ပုံစတူဒီယိုများတွင် ဓာတ်ပုံရိုက်ရန်အတွက်သာ သီးသန့်ချုပ်ထားသော ဖက်ရှင်ကျကျအဝတ်အစားများဖြင့်ဓာတ်ပုံရိုက်ခံသောဖောက်သည်များ ထုနှင့်ဒေးရှိခဲ့သည်။ ထိုဓာတ်ပုံများကို သူငယ်ချင်းအချင်းချင်း လဲလှယ်လေ့ရှိကြပြီး ရှေးဖေ့စ်ဘုတ်ဟုခေါ်ဆို၍ရသော ဓလေ့တစ်ခုဖြစ်ခဲ့သည်။  ဤစာအုပ်ထဲမှ ဓာတ်ပုံများသည် ဖက်ရှင်သည် အတားအဆီးများကိုကျော်၍ အမြဲဖောက်ထွင်းနိုင်သောအရာဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် နေထိုင်သည့်လူမှုပတ်ဝန်းကျင်မည်သို့ပင်ဖြစ်စေ လူ့သဘာဝမှာ လှလှနေချင်ကြပြီး ကိုယ်လှကြောင်း အခြားသူများကိုပြချင်သည့် သဘာဝဖြစ်ကြောင်းတွေ့မြင်ရစေသည်။ ဤဓာတ်ပုံများကို ရန်ကုန်မြို့တစ်ဝိုက်ရှိ စတူဒီယိုများတွင်ရိုက်ကူးထားသည်။ Shop