ရန်ကုန်မြို့ရဲ့ဂျူဗလီဟော

By History of Burma 

 

ဂျူဗလီဟော ဆိုသည့် အဆောက်အဦးဟာ နှစ်ပေါင်းများစွာပျောက်ကွယ်ခဲ့တာကြာခဲ့ပါ ပြီ။ တည်နေရာကတော့ ရွှေတိဂုံဘုရားလမ်း စစ်သမိုင်းပြတိုက်တည်ရှိခဲ့ သည့်နေရာဖြစ်ပါတယ်။ အတိတ်ကိုပြန်ပြောရရင် ရန်ကုန်မြို့ကြီးရဲ့ ခမ်းနားတဲ့အဆောက်အဦးတခုပြောရ ရင်လည်မမှားပါဘူး။ကြီးကျယ်ခမ်းနားသလို ပွဲတွေ အခမ်းနားတွေနဲ့ပြည့်နက်ခဲ့တဲ့အဆာက်အဦးဖြစ်ခဲ့သည်။ဂျူဗလီဟောကိုပြန်လွမ်းရမယ်ဆို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၉၃ခုနှစ်၊ဇန်နဝါရီလ(၃၁) ရက်မှာ အုတ်မြစ်ခဲ့ပြီ ဗြိတိန်နိုင်ငံ၏ ၀ိတိုရိယဘုရင်မနန်းသက်(၆၀)နှစ်မြောက်အထိန်းမှတ်အနေနဲ့ဆောက်ခဲ့တာလဲဖြစ်ပါသည်။ ဂျူပလီဟောအဆောက်အဦး တည်ဆောက်ထားသည့်အလှမှာ အင်္ဂလန်နိုင်ငံရှိ အဆောက်အဦးလက်ရာတွေလို ဆောင်လုပ်ထားပြီ အဆောက်အအုံထိပ်မှာနာရီစင် ကအစပါဝင်ထားသည်။ ရန်ကုန်မြို့ရှိပွဲအခမ်းနားတွေကို ဂျူဗလီဟောတစ်ခုတည်းတွင်သာလုပ်ဆောင်ခဲ့ကြသည်။ ဂရိတ်ဦးဖိုးစိန်၏ကပွဲကိုလဲ ပြသခဲ့ဖူးသည်။ဂျူဗလီဟောမှာဆိုရင်ဖြင့်၁၉၂၁ခုနှစ် နိုဝင်ဘာ ၂၈ မှာ ရန်ကုန်တက္ကသိုလ် ပထမဆုံး ဘွဲနှင်းသဘင် ကျင်းပခဲ့သည့်နေရာဖြစ်သည်။ အဲ့နောက်လယ်တီဆရာတော်ဘုရားကြီးကို ဗြိတိသျှအစိုးရမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ ့ပေးအပ်ခဲ့ သည့်နေရာလည်ဖြစ်သည်။၁၉၂၂ ၊ဇွန်လ ၂၇ ရက် နေ့မှာ ဂျီ၊စီ၊ဘီ၊အေ အလုပ်အမူဆောင်ကော် မတီအစည်းဝေးပွဲကိုကျင်းပခဲ့ပါသည်။ဆက်လက်ပြီ ဂျူဗလီဟောတွင် ၁၉၃၄၊ ဒီဇင်ဘာလ ၅ ရက် မှာ မြန်မာအမျိူးသမီး အလှပြိုင်ပွဲ ကျင်းပရာတွင် မချစ်ညွန့် ဟာ ပထမဆုရရှိခဲ့ပါသည်။အချိန်ကြာ သည်နှင့်အလျောက် ပွဲများစွာဖြင့်ရပ်တည်နေခဲ့ပါတယ်။ မြန်မာလူမျိူးတို့ရဲ့အာဇာနည် (၉) ဦး တို့၏ရုပ်ကလာပ်ကို ၁၉၄၇ ၊ ဇူလိုင် ၁၉ရက်နေ ့တွင် ဂျူဗလီဟောအတွင်းထားရှိပြီ အလေပြုခံခဲ့ပါသည်။ဂျူဗလီဟောဟာဆိုရင်ဖြင့် နိုင်ငံတကာ ယဉ်ကျေးမူပြပွဲ၊ဝတ္ထုတိုစာတမ်းဖတ်ပွဲတို့ကိုလဲလုပ်ခဲ့ပါသည်။အဲ့နောက် ပန်တျာကျောင်း၊ အမျိူးသားစာကြည့်တိုက်၊အမျိူးသားပြတိုက် တို့ကိုဂျူဗလီဟောမှာပဲဖွင့်လစ်ခဲ့ပါတယ်။အချိန်နှစ် ကြာပြီအောင်မြင်စည်းကားခဲ့သည့် ဂျူဗလီဟောကြီးဟာ ၁၉၈၅ ခုနှစ်မှာ စတင်ဖြိုဖျက်ပျောက် ကွယ်ခဲ့ရပါတော့သည်။အကယ်လို့ဂျူဗလီဟော အဆောက်အဦးသာ ရှိနေမယ်ဆို ရန်ကုန်မြို့ ရဲ့ခမ်းနားမူနဲ့အတူရှိနေအုန်းမှာပါ။

 

 

 

 

History of Burma v