မြန်မာနိုင်ငံရှိ ကိုလိုနီခေတ်ဗိသုကာလက်ရာများ

ရီတာအောင်မှ

မြန်မာနိုင်ငံကဗိသုကာတွေကိုတွေးမြင်ကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့ ရွှေရောင်ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကိုမြင်မိမှာပါ။ ဒါပေမဲ့လည်းသေချာကြည့်မယ်ဆိုရင်တော့ ရိုးရာဗိသုကာလက်ရာတွေနဲ့မဆက်စပ်တဲ့ အနောက်တိုင်းကဗိသုကာလက်ရာတွေကိုလည်းတွေ့မိမှာပါ။ ထိုအဆောက်အအုံတွေကို ကိုလိုနီအဆောက်အအုံတွေလို့ခေါ်ပြီး ၁၉ရာစုအစောပိုင်းက ဗြိတိသျှကိုလိုနီမြန်မာနိုင်ငံမှာရှိခဲ့ကြောင်းကို ပြနေတဲ့သက်သေအထောက်အထားတွေဖြစ်ပါတယ်။ ဒီကိုလိုနီအဆောက်အအုံတွေရဲ့တည်ရှိမှုဟာ မြန်မာနိုင်ငံမှာဗိသုကာလက်ရာကောင်းတွေရှိကြောင်းအထောက်အထားတွေဖြစ်ပြီး ရိုးရာလက်ရာတွေနဲ့ပေါင်းစည်းတည်ရှိနေပါတယ်။ ပုံမှာပါတဲ့ ဆိပ်ကမ်းကော်မင်ရှင်နာ အဆောက်အဦးဟာအခုဆိုရင် အစိုးရရုံးတစ်ခုအဖြစ်အသုံးပြုနေပြီး ကိုလိုနီအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရှေးဗိသုကာလက်ရာစာရင်းထဲမှာလည်းပါဝင်ပါတယ်။ ဒီအဆောက်အဦးရဲ့ ပုံပန်းသဏ္ဍာန်ဟာ ဥရောပမှာ ၁၉ ရာစုအစောပိုင်းအတွင်းခေတ်စားတဲ့လက်ရာတွေရဲ့ စတိုင်ကိုမှီဌာန်းထားပါတယ်။  သမိုင်းကြောင်းများစွာရှိပြီး သမိုင်းတန်ဖိုးရှိတဲ့ဒီဗိသုကာလက်ရာတွေကို သမိုင်းဝင်လက်ရာများအဖြစ် စနစ်တကျထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံတစ်ဝန်းနဲ့ ရန်ကုန်မှာထိုသို့ထိန်းသိမ်းထားခြင်းမရှိသေးပါဘူး။ မြေပိုင်ရှင်များက ကိုလိုနီအဆောက်အအုံများသဘာဝအလျောက်ပျက်စီးယိုယွင်းလာမှာကိုစောင့်ဆိုင်းပြီး ဒီမြေနေရာမှာ အဆောက်အအုံဟောင်းကိုဖြို၍ အဆောက်အအုံသစ်တွေဆောက်မယ့်လူတွေကိုပြန်ရောင်းလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ ကိုလိုနီအဆောက်အအုံတွေကိုထိန်းသိမ်းတဲ့ဓလေ့မရှိတဲ့အတွက် မြေပိုင်ရှင်များအတွက်ကတော့အဆင်ပြေနေပါတယ်။ သမိုင်းအမွေအနှစ်ထိန်းသိမ်းဖို့အတွက် အဆောက်အဦးတွေကိုပြင်ဆင်ရန်ကုန်ကျငွေထက် မြေရောင်းခြင်းကငွေဝင်စေပါတယ်။ သို့သော်လည်း ဒီအဆောက်အအုံတွေမှာရှိနေတဲ့သမိုင်းအမွေအနှစ်တွေဟာ တန်ဖိုးရှိတဲ့ အမှတ်တရတွေဖြစ်ပြီး ဆယ်စုနှစ်တွေမှာမြန်မာနိုင်ငံဘယ်လိုဖြတ်သန်းလာတယ်ဆိုတာကိုပြသနေပါတယ်။ အသက်ကြီးနေတဲ့ဒီကိုလိုနီအဆောက်အဦးတွေဟာ မြေပိုင်ရှင်တွေအတွက်တော့ဘာမှမဟုတ်ပေမယ့် သမိုင်းအမွေအနှစ်ကိုတန်ဖိုးထားသူတွေအတွက်ကတော့အဖိုးမဖြတ်နိုင်စရာဖြစ်ပြီး တချိန်ကလှခဲ့တဲ့ဒီအဆောက်အဦးတွေရဲ့ပုံရိပ်တွေကိုရင်ထဲသိမ်းထားချင်ကြမှာပါ။

 

 

 

ရီတာအောင်သည် Sixth Form မှကျောင်းသူတစ်ဦးဖြစ်ပြီး ယခုအခါ အနုပညာပရောဂျက်များလုပ်ဆောင်လျက်ရှိသည်။